Part-2(U+Z)

863 45 37
                                    

Uni

~Light က ဝေးဝေးရှောင်သင့်တဲ့လူပဲ ~

မှိုင်းနေရမည့်အဆောင်သည် အဖြူရောင်ဖြစ်နေခြင်းတစ်ခုကသာ အခြားအဆောင်တွေနဲ့ ကွဲထွက်နေခြင်းမဟုတ်။ထိုအဆောင်၏ ဖွဲ့စည်းပုံကလည်း တစ်မူထူးခြားနေ၏။

အဆောင်သည်ကား နှစ်ထပ်ရှိကာ အောက်ထပ်မှာတော့ ပြတင်းပေါက်အနည်းငယ်သာရှိပြီး လူဝင်နိုင်သည့် တံခါးပေါက်တွေမရှိ။အပေါ်ထပ်ကိုတိုက်ရိုက်တက်နိုင်ရန် လှေကားဖြင့်ဆက်သွယ်ထားပြီး ထိုလှေကားအတိုင်းတက်သွားပါက အဆောင်ထဲဝင်ရန် တံခါးဆီသို့မရောက်ခင် ထိုတံခါးရှေ့၌ ထိုင်ခုံ(4)လုံးပတ်လည်ဝိုင်းထားသော စားပွဲတစ်လုံးကို တွေ့ရမည်ဖြစ်သည်။

ထိုစားပွဲသည်ကား အလင်းရောင်ကောင်းကောင်းဖြင့် စာဖတ်ချင်၍ပဲဖြစ်စေ၊မနက်ခင်း၌ကော်ဖီတစ်ခွက်ကိုင်ရင်း နေရောင်ခြည်နုနုကို ရှုစားချင်၍ပဲဖြစ်စေ အသုံးပြုသူအတွက် သက်တောင့်သက်သာဖြစ်ပြီး အဆင်ပြေစေနိုင်သည့် အပြင်ဆင်တစ်ခုပင်။

အရာအားလုံးက အဆင်ပြေနေပါသော်လည်း တော်တော်ကြီးကို အဆင်မပြေဖြစ်စေသည့် တစ်ခုတည်းသော အကြောင်းရာသည်ကား...

"ဒီစာအုပ်ဖတ်ပြီး ရေးတဲ့သူနဲ့ပတ်သက်တဲ့ အချက်(3)ချက်ပြော"

သူနဲ့တစ်ဆောင်တည်း အတူနေရမည့် vampireကောင်ပင်။

အဆိုပါ vampireကောင်သည် တံခါးဆွဲဖွင့်ပြီးသည်နဲ့ အံ့သြသင့်နေသော သူ့ဆီကို မထူမပါးစာအုပ်တစ်အုပ်ပစ်ပေးကာ အက်ရှရှအသံဖြင့် ထောင့်မကျိုးသော စကားကို အထက်စီးဆန်စွာ ပြောကြားလာ၏။

ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်နေသော သူ့ပုံစံကိုကြည့်ကာ ထိုထောင့်မကျိုးသော ဖြူစုတ်စုတ်ကောင်က ဆက်ပြောလာသေးသည်။

"မလုပ်နိုင်ရင် ငါနဲ့တစ်ဆောင်တည်း လာမနေနဲ့...ငတုံးတစ်ကောင်နဲ့ အတူမနေနိုင်ဘူး"

"...."
ဘာကို vampireလဲ။ဘာကို ကြောက်စရာကောင်းတာလဲ။ဘဝင်ရူးကောင်ဆိုတဲ့နာမည်နဲ့တောင် ပိုလိုက်ဦးမယ်။

သူဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ ထိုဘဝင်ရူးကောင်သည်ကား ဘာမှပြန်မပြောရသေးခင် တံခါးဆွဲပိတ်ကာ အဆောင်ထဲပြန်ဝင်သွားလေပြီ။

Ideal PartnersWhere stories live. Discover now