Uni
~Light or vampire~
1.9.2007 (9:4 PM)
၂၀၀၇ခုနှစ်၊ စက်တင်ဘာလ ၁ရက်။
ည ၉နာရီ ၄မိနစ်။အလင်းရောင်တွေ တောက်ပလွန်းနေခြင်းမှာ အမှောင်မိုက်ဆုံးအချိန် ရောက်နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့်ပင် ညအချိန် အိမ်တစ်လုံး မီးတဟုန်းဟုန်းတောက်လောင်နေခြင်းက ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေသည်။
ပေါ့ဆမှုကြောင့် ဖြစ်သွားလေခြင်းဟူသော နောင်တနောက်တွင် အချို့အတွက်တော့ အသက်ပါပေးဆပ်လိုက်ရပြီ။
နောင်တတရားဟူသည် ဘယ်သောအခါမှ မချိုမြိန်နိုင်သလို ဖြစ်ခြင်း၊ပျက်ခြင်းသည်လည်း လှပသည့် သဘောတရားတစ်ခု မဟုတ်ပါ။
ခိုင်မာသော နံရံကြီးတွေ၊ပရိဘောဂတွေရဲ့ လောင်မြိုက်မှုကနေ ထွက်လာတဲ့ မြည်သံရှူးရှူးရှဲရှဲတွေက ထိုနေရာအနီးတစ်ဝိုက်တွင် မနှစ်မြို့ဖွယ် ပျံ့နှံ့နေသည်။
"တော်တော် နောက်ကျသွားတာပဲ"
အိမ်ကြီးကိုလောင်စာအဖြစ်အသုံးချပြီး လင်းထိန်နေသော မီးရဲ့အလင်းရောင်ဟပ်မှုအောက်မှာ ခုနကစကားကိုပြောလိုက်သော အသက်ခပ်ကြီးကြီးလူ၏ မျက်နှာမှာ နှမြောတသမှုပုံရိပ်များက အထင်းသား...။
အနောက်ကို ပြန်လှည့်ကြည့်လိုက်မိတော့ တစ်ကိုယ်လုံး မီးခိုးငွေ့တွေ ရိုက်ခတ်မှုကြောင့် အမဲကွက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေသော 3နှစ်အရွယ် ကလေးတစ်ယောက်ကို စိတ်မကောင်းဖွယ် တွေ့ရလေသည်။
မိဘနှစ်ပါးစလုံး မိမိရှေ့လေးတင် ပူပြင်းကြောက်မက်ဖွယ်ရာ မီးတောက်များ ဝါးမြိုသွားတဲ့အချိန် ထိုကလေးစိတ်ထဲ ဘာတွေများတွေးနေလောက်မလဲ။နာကျင်မှုကြောင့် မိဘတွေ အော်ဟစ်နေချိန် ထိုကလေးရဲ့နှလုံးသားနုနုသည်လည်း မီးတောက်တွေဝါးမြိုခံလိုက်ရသလိုမျိုး ပူလောင်နေမလား... ။
"နည်းနည်းသာ ထပ်နောက်ကျသွားခဲ့ရင်..."
ထိုလူမှာ ကလေးကိုကြည့်ကာ စကားတောင်ဆုံးအောင် မပြောနိုင်ရှာ။
YOU ARE READING
Ideal Partners
Misteri / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။