Part-7(U+Z)

535 40 89
                                    

Uni

~မင်း ယောကျာ်းစစ်စစ် ဖြစ်ဖို့မျှော်လင့်ပါတယ် မှိုင်း~

အရင်သတိဝင်လာတဲ့မှိုင်းက သူ့ခါးကိုဖက်ထားသော Lightရဲ့လက်တွေဆီမှ ရုန်းလိုက်ကာ ပြန်ထလိုက်သည်။ထို့နောက် ကြမ်းပြင်ပေါ်က Lightရဲ့ပုံစံကို ပြန်ကြည့်လိုက်မိချိန် တစ်ခုခုကလွဲနေတာကို သူသတိထားမိသွားသည်။

မှတ်မိတာသာမမှားရင် Lightကို ကိုင်ပေါက်ခဲ့လို့ လဲကျသွားချိန်မှာ Lightရဲ့ ခန္ဓာကိုယ်အနေထားက သူရပ်နေတဲ့အနေထားနဲ့ကြည့်ရင် 20°လောက်သာတိမ်းစောင်းနေ၏။

အခု သူနဂိုနေရာအတိုင်း ပြန်ထရပ်ကြည့်လိုက်တော့ 60°လောက်တိမ်းစောင်းနေလေသည်။

"မင်း...ငါ့ကို တမင်ဖမ်းပေးခဲ့တာလား"

မှိုင်းမေးလိုက်တော့ Lightကပြန်မဖြေ။ဒါပေမယ့်လည်း ပြန်မငြင်းပုံအရ သူ့ကိုကြမ်းပြင်နဲ့မိတ်ဆက်သွားမှာစိုးလို့ Lightက ဖမ်းပေးခဲ့တာသေချာနေပြီ။

ကြမ်းပြင်ပေါ်မှာ တည်ငြိမ်နေတဲ့မျက်နှာထားနဲ့ လဲလျောင်းနေတဲ့ Lightကို မှိုင်းက လက်တစ်ဖက်ကမ်းပေးလိုက်ကာ ထူခွင့်ပြုရန် ခွင့်တောင်းတော့ ခဏလောက်Lightရဲ့ လစ်လျူရှုတာ ခံလိုက်ရသေးသည်။

ဇွဲမလျော့ဘဲ လက်ပြန်မရုတ်သိမ်းသော မှိုင်းကြောင့် ခဏကြာမှသာ Lightက သူ့ရဲ့ဖြူဖွေးဖွေးလက်တစ်ဖက်ဖြင့် မှိုင်းရဲ့လက်ကို ပြန်လည်ဆုပ်ကိုင်လာလေသည်။

"ကျေးဇူးပဲ Light"

Lightကိုဆွဲထူရင်း အပြစ်ကင်းတဲ့ အပြုံးတစ်ခုနှင့်အတူ မှိုင်းကပြောတော့ ထုံးစံအတိုင်း အရိုင်းစိုင်းလေးက အသိမှတ်ပင်မပြုခဲ့။သူ့ရဲ့ပုခုံးတစ်ဖက်ကိုသာ သူဆုပ်ကိုင်နေသည်။

မှိုင်းလည်း Lightရဲ့နာကျင်မှုအတွက် တာဝန်မကင်းသလို ခံစားလာရတာကြောင့် သူအမြဲဆောင်ထားတတ်သော ဒဏ်ကြေလိမ်းဆေးဘူးကို လိုက်ရှာလိုက်ကာ တွေ့တာနဲ့ ဆေးဗူးကိုထောင်ပြလိုက်ရင်း Lightဆီ ခွင့်တောင်းလိုက်သည်။

"ငါဆေးလိမ်းပေးမယ်"

ပြောပြီးတာနဲ့ တစ်ဆက်တည်းမှာပဲ ငြင်းသာငြင်းရင် ပြန်တုံ့ပြန်ပြောပြီး မရမက ဆေးလိမ်းဖြစ်အောင်လိမ်းပေးနိုင်ဖို့ စကားလုံးတွေစီနေသေးသည်။

Ideal PartnersWhere stories live. Discover now