Uni
~မင်းတော့ ပြဿနာပဲ မှိုင်း...ဘယ်လိုလုပ်မလဲ..ငါမင်းကို တကယ်ကြီးသဘောကျလာပြီ~
Dark၏ပင်မအဆောင်ကြီး၌...။
အဖွဲ့ဝင်အသစ် 7ယောက်အပြင် ဆရာသွေးရိုင်း၊စာအုပ်ကြီး...ဦးကျောက်မှိုင်းတို့သည် ထို ပင်မအဆောင်ကြီး၌ ရောက်ရှိနေကြသည်။
အဖွဲ့ဝင်သစ်တွေထဲမှ မရောက်သေးသူသည်ကား Light Dynamite မှလွဲ၍ အခြားလူမရှိနိုင်တော့ပေ။
ခဏကြာတော့ Lightသည် ရှုပ်ထွေးနေသော ဆံပင်ပုံစံဖြင့် မျက်နှာချောချောအား မှုန်ကုတ်လျက် ပင်မဆောင်ထဲသို့ဝင်လာသည်။
အရိုင်းစိုင်းလေးက အစောကြီးထပြီး ပြန်အိပ်ခဲ့ပုံရသည်။
မှိုင်း တွေးနေတုန်း သူ့ဘေး၌ ရပ်နေသော နေ့လဆန်းက အနည်းငယ်ပျင်းရိနေသောလေသံဖြင့် ရေရွတ်လာလေ၏။
"Massionကြောင့် လူစုခိုင်းပြန်ပြီထင်တယ်...ဒီတစ်ခေါက်မှာလည်း ဘယ်သူ့အိမ်ကမြေးအကြောင်း စုံစမ်းပေးရဦးမလဲ မသိဘူး...စိတ်ပျက်လိုက်တာ Massionတွေကလည်း ကလေးတွေကို ကစားကွင်းလွတ်နေသလိုပဲ "
လွယ်ကူလွန်းနေသော massionတွေကို နေ့လဆန်းက ငြီးငွေ့နေပုံပဲ။
ထင်သာမြင်သာရှိရအောင် နှိုင်းယှုဥ်ပြရမယ်ဆို အထက်တန်းကျောင်းသားတစ်ယောက်ကို ကြိုးစားပမ်းစား ဝလုံးပြန်ရေးခိုင်းနေသလိုပဲ။ကျွမ်းကျင် တတ်မြောက်သွားပြီဆိုရင် ငြီးငွေ့သွားတတ်သည် မဟုတ်ပါလား။
Lightရောက်လာတာနဲ့ သွေးရိုင်းက မှိုင်းကိုကြည့်လိုက်ကာ...
"လူစုံပြီဆိုတော့ မှိုင်း.....မင်းပြောချင်တာ စပြောလို့ရပြီ"
သွေးရိုင်းစကားဆုံးတော့ နေ့လဆန်းက သူ့ဘေးက မှိုင်းကို အူတူတူလေးပြန်ကြည့်သည်။
မှိုင်း ဘာမှမပြောသေးခင် ခုနလေးတင်ဝင်လာသော Lightကို ကြည့်လိုက်မိတော့ အရိုင်းစိုင်းလေးသည် နံရံထောင့်မှာရပ်နေကာ ထိုနံရံထောင့်ကြားလေးကို မှီလျက် မျက်လုံးမှိတ်အိပ်နေလေ၏။
အပြုမူက ထိုစကားဝိုင်းကို စိတ်ဝင်စားမှုမရှိကြောင်းပြနေတာ သိသိသာသာ။
![](https://img.wattpad.com/cover/352874143-288-k885653.jpg)
YOU ARE READING
Ideal Partners
Детектив / Триллерficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။