Uni
~မတွေဝေနဲ့...မှိုင်း ~
လမ်းမပေါ်တွင် အရှိန်ဖြင့်သွားနေသော ကားထဲမှ လမ်းနံဘေးတွင် တစ်ရိပ်ရိပ်ကျန်ခဲ့သော သစ်ပင်တွေ၊အဆောက်အုံတွေကို ငေးကြည့်နေရင်း မှိုင်းရဲ့ တိတ်ဆိတ်မှုအတွက် စိတ်ရှည်သည်းခံနိုင်နှုန်းမှာ ဂိတ်ဆုံးအခြေနေသို့ ရောက်လာလေပြီ။
DARKပင်မ အဆောင်ထဲမှထွက်လာပြီးနောက် Lightအနောက်ကိုလိုက်လာတော့ အဆိုပါ အသက်မပြည့်သေးသော ဘဝင်ရူးလေးသည် သူ့ကိုကားတစ်စီးထဲ အတင်းတွန်းထည့်ကာ ဘယ်ကိုခေါ်သွားမလို့ ကြံနေလဲမသိ။
ကိုယ့်ဘက်ကစပြီး စကားမပြောချင်လို့ ခေါ်လာခဲ့တဲ့ အချိန်ကတည်းက အခုထိ တိတ်ဆိတ်ပြီးသာငြိမ်နေတာ တကယ်တော့ အသက်မပြည့်သေးတဲ့လူ မောင်းတဲ့ကားပေါ်လိုက်စီးနေရတာ အနည်းနဲ့အများတော့ သူလည်းသူ့အန္တရာယ်အတွက် စိုးရိမ်နေမိပါသည်။
"ဘယ်သွားနေတာလဲ"
နောက်ဆုံးတော့လည်း ဘဝင်ရူးလေးကို ကိုယ့်ဘက်က အရင်စပြီးစကားမပြောဘူး ဆိုသည့် ကိုယ့်အပေါ်ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းကို သူကိုယ်တိုင်ကပဲ ရိုက်ချိုးဖျက်စီးလိုက်ရပါတော့သည်။
သူပဲစိတ်ထင်လို့လားမသိ Lightရဲ့ တည်တင်းနေသောမျက်နှာသည် ခဏလောက် ခပ်ပါးပါးအပြုံးရိပ်နဲ့အတူ အရောင်ပြောင်းသွားသလိုပင်။သို့သော် သူမျက်တောင်တစ်ချက်ခတ်မှုအပြီးမှာ ပြန်ကြည့်မိတော့ Lightမျက်နှာမှာ အရင်ကလို အပြုံးအရယ်ပျောက်ဆုံးနေဆဲ။
ထို့နောက် Lightက သူ့ရဲ့အမေးကိုပြန်မဖြေဘဲ DARKပင်မအဆောင်ထဲမှ ထွက်မသွားခင် ပုံးထဲမှ နှိုက်ယူလာသော စာရွက်ကို ဖတ်ကြည့်ဆိုတဲ့သဘောနဲ့ လှမ်းပေးလာ၏။
မှိုင်းမှာ လက်တစ်ဖက်တည်းဖြင့် ကားကိုမောင်းပြီး လမ်းကိုမကြည့်ဘဲ သူ့ဘက်ကို လှည့်ကြည့်နေတဲ့ Lightကြောင့် စာရွက်ကို အမြန်ယူလိုက်ရလေသည်။
သူငယ်ငယ်လေးနဲ့ မသေချင်ပါ။
Lightလက်ထဲမှ သူယူလိုက်သောစာရွက်မှာ အလျား4"အနံ2"ခန့်ရှိကာ စတုရန်းပုံဖြစ်အောင် နှစ်ခေါက် ခေါက်ထားသည်။
YOU ARE READING
Ideal Partners
Mistero / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။