Uni
~မင်း!....ငါနဲ့အတူအိပ်ချင်လား~
တဖြိုက်ဖြိုက်ရွာနေသော မိုးသည်ကား ရပ်သွားမည့် အရိပ်ယောင်မရှိသေး။
တဖြည်းဖြည်းကုန်ဆုံးလာသည့် အချိန်ကြောင့် မှိုင်းအဆောင်ကို မျှော်ကြည့်နေမိသည်။
ခဏအကြာ အဆောင်တံခါးပွင့်လာပြီး အဆောင်ထဲမှ ပုံရိပ်တစ်ခုထွက်လာသည်။မိုးရေတွေကြား ထို ခပ်ဝါးဝါးအနက်ရောင်ပုံရိပ်သည် လူနှင့်တောင်မတူ။အရိပ်တစ်ခုလို ဖြစ်နေ၏။
ထိုအရပ်ရှည်ရှည်ပုံရိပ်သည် လှေကားတစ်ထစ်ချင်း စည်းချက်မှန်မှန်ဆင်းသက်လာကာ မှိုင်းနှင့်သွေးရိုင်းအနား တဖြည်းဖြည်းကပ်လာနေပြီ။
သွေးရိုင်းက မှိုင်းကိုထီးမိုးပေးထားရာမှ ဖယ်လိုက်ကာ ထိုပုံရိပ်အနားသို့ အပြေးအလွားသွားပြီး ထီးမိုးပေးလေ၏။သူကိုယ်တိုင်တောင် မဆောင်းပေ။
မှိုင်းလည်း ကြောင်ကြည့်မိနေပြီး မိုးရေစိုလာတာကို ခံစားမိမှ အဆောင်အရိပ်အောက်သို့ အမြန်ပြေးဝင်သွားလိုက်သည်။
သူ အဆောင်ထဲမှထွက်လာသော ခေါင်းဆောင်ကို သေချာကြည့်နေတုန်း ထိုလူရဲ့အနက်ရောက်လက်အိတ်မှာ သွေးစများ ကပ်နေတာကို သတိထားမိသွားသည်။ထိုသွေးစတွေသည် အနက်ရောင်ပေါ်မှာမို့ ရုတ်တရက်ကြည့်ရင် မပေါ်လွင်ပေမယ့် လက်အိတ်ပေါ်ကို မိုးရေစက်တွေကျလာသည်အခါ ပြန်လည်စီးကျသွားသော ရေစက်တို့က အနီရောင်ဖြစ်နေသောကြောင့် လက်မှာသွေးအချို့ပေနေတာကို သတိထားမိသွားတာဖြစ်သည်။
သူ ပြောစရာစကားအချို့ ရှိပေမယ့်လည်း ထိုသွေးအစွန်းထင်းကို အာရုံစိုက်မိသွားတာကြောင့်ရော...စိတ်အရမ်းလှုပ်ရှားလာတာကြောင့်ရော ခေါင်းဆောင် သူ့ရှေ့ကဖြတ်သွားချိန်မှာတောင် ဘာသံမှထွက်မလာ။
သူစိတ်နဲ့ကိုယ် ပြန်ကပ်ချိန်၌ ခေါင်းဆောင်နှင့်ဆရာသွေးရိုင်းမှာ သည်းကြီးထန်စွာရွာနေတဲ့ မိုးရေကြားထဲ ပျောက်ကွယ်သွားပြီ။
ခေါင်းဆောင်လက်က သွေးတွေက မဟုတ်မှလွဲရော...။
မှိုင်းလည်း နည်းနည်းလေးတောင် အချိန်ဆွဲမနေဘဲ လှေကားမှတစ်ဆင့် အဆောင်ထဲသို့ အမြန်ပြေးတက်သွားပြီးနောက် အလျင်စလိုနဲ့ သူခြေလှမ်းတွေက Lightရဲ့အခန်းဆီသို့။

YOU ARE READING
Ideal Partners
Mystery / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။