Uni
~မင်းကို ဒီတိုင်းလွတ်ထားလို့ မဖြစ်တော့ဘူးပဲ....မှိုင်း~
Lightက ဘာမှရှင်းပြချင်ပုံမရသောကြောင့် မှိုင်းလည်း ထပ်မမေးတော့ဘဲ ငြိမ်ငြိမ်လေးလိုက်လာခဲ့သည်။
Time: 3:00PM.
သူတို့ Darkကိုပြန်ရောက်လာတဲ့အချိန်ထိ Lightက ဘာမှမပြောလာခဲ့ပါ။
လိုက်ပို့ပေးသော အမျိုးသမီးနဲ့ အဖော်အမျိုးသားကတော့ သူတို့ကိုပြန်ပို့ပေးပြီးတာနဲ့ နှုတ်ဆက်ကာ ထွက်သွားကြလေပြီ...။
နှစ်ယောက်သား Darkရဲ့ပိုင်နက်အတွင်းကို ဝင်လာကြချိန် Darkရဲ့ပင်မဆောင်ရှေ့၌ ရပ်နေကြသော လူ7ယောက်ကို တွေ့လိုက်ရလေသည်။အဖွဲ့သား6ယောက်နဲ့ ဆရာသွေးရိုင်းတို့ပင်...။
ပင်မဆောင်ဆီလျှောက်လာနေသော သူတို့ကိုကြည့်နေကြပုံအရ ထို7ယောက်မှာ သူတို့နှစ်ယောက်ကို စောင့်နေကြပုံပင်။
Lightနဲ့မှိုင်း သွေးရိုင်းတို့အနားရောက်သွားတော့ သွေးရိုင်းက မှိုင်းကိုအရင်ကြည့်သည်။
ပြီးတော့ Lightကိုထပ်ကြည့်လိုက်ပြီး ခဏကြာတော့ မျက်နှာပျက်သွားလေ၏။"Light အနောက်ကလိုက်ခဲ့"
မျက်နှာထားတည်နေသော သွေးရိုင်းရဲ့ပုံစံသည် အရင်ကလို အပြုံးချိုချိုမျက်နှာထားနဲ့ လုံးလုံးကွဲပြားနေသောကြောင့် မှိုင်းအပါဝင် အခြားအဖွဲ့သားများကို ရှိန်သွားစေသည်။
သို့သော်....သွေးရိုင်းအနောက်က လိုက်သွားသော Lightသည်လည်း သွေးရိုင်းထက်မလျော့သော မျက်နှာထားမော့ချီချီနဲ့ပါပဲ။
"Lightက ခန္ဓာကိုယ်ပဲထိသွားတာ မဟုတ်ဘဲ ဦးနှောက်ပါထိသွားတာလား...သူ့လုပ်နိုင်စွမ်းက အောက်ဆုံးရောက်နေပြီ"
ပြောလိုက်သောလူကို မှိုင်းကြည့်လိုက်မိတော့ သူပထမဆုံး လမ်းပျောက်...အဲ့လေ...လမ်းမှား...မဟုတ်သေး...။
ပထမဆုံးဒီကိုရောက်တဲ့ရက်က လူတစ်ယောက်ကို ရိုက်နှက်ကန်ကျောက်နေတဲ့ လူပင်။တစ်နည်းအားဖြင့် နေ့လဆန်းက သတိထားဆိုပြီးပြောခဲ့တဲ့ မင်းအာရုံဆိုတဲ့လူ...။
YOU ARE READING
Ideal Partners
Misteri / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။