Uni
~သံပတ်ရုပ်ဂိုဏ်း~
ခေါင်းမှာပတ်တီးအဖွေးသားနဲ့ ဆိုဖာပေါ်မှာထိုင်နေသော Lightကြောင့် နှိုင်းလပြည့်နှင့်ဟန်နီမှာ တအံတသြ။
Lightက နမော်နမဲ့နဲ့ လဲကျပြုတ်ကျမယ့် လူမျိုးမှမဟုတ်တာ။လုပ်ကြံခံရတယ်လို့ ထင်ရအောင်ကလည်း Lightကိုတောင် လုပ်ကြံရဲတဲ့လူက မမွေးလာသေးဘူးထင်သည်။
ထို့နောက် သူတို့နှစ်ယောက်သား Lightရဲ့ဘေးမှာထိုင်နေတဲ့ မှိုင်းကို အလိုလိုကြည့်လိုက်မိကြလေသည်။
ရန်ဖြစ်ပြီး မှိုင်းကLightကို ခေါင်းရိုက်ခွဲလိုက်တာများလား။မှိုင်းက Lightထက်ပိုကြမ်းနေတာလား....။
သူတို့အတွေးတွေက မှိုင်းရဲ့မျက်နှာကို ကြည့်ပြီး ချက်ချင်းပင်ပျောက်ကွယ်သွားရ၏။
မှုန်ကုတ် ဆူပုတ်နေသော မျက်နှာထားကြောင့် နဂိုကလေးဆန်ဆန်မျက်နှာလေးက ပိုတောင်ကလေးဆန်သွားသလို။
ထိုအခါမှ မှိုင်းမှာကလေးဆန်ဆန်မျက်နှာလေးရှိမှန်း သူတို့သတိထားမိသွားကြသည်။မှိုင်းက မျက်နှာအမျိုးမျိုးပြောင်းနိုင်တဲ့ မှော်ဝိဇ္ဇာလေးလိုပဲ။သာမာန်အချိန်မှာ ရုပ်ဖြောင့်တဲ့ကောင်လေးတစ်ယောက်လို့ပဲ မြင်ရတာ။
ဘာပဲဖြစ်ဖြစ် ဒီကလေးလိုကောင်လေးကတော့ Lightကို ဒဏ်ရာရအောင်လုပ်ဖို့အထိ တွေးမိမှာတောင် မဟုတ်လောက်ဘူး။ပြောရရင် မှိုင်းကအဖွဲ့ဝင်အသစ်တွေထဲမှာ ရှားရှားပါးပါး စိတ်ထားအမှန်ဆုံးမို့လို့လေ။
ဒါပေမယ့်လည်း ဒီနှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ထားတာတော့ သေချာနေသည်။
နှိုင်းလပြည့်နှင့်ဟန်နီမှာ အခြေနေမဟန်ကြသော အဆောင်ပိုင်ရှင်လေးတွေကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်မိသည်။
"Lightက...ဘယ်လိုဖြစ်တာလဲ"
ဖြေချင်တဲ့ လူဝင်ဖြေဆိုတဲ့သဘောနဲ့ နာမည်အတိကျမတပ်တော့ဘဲ နှိုင်းက မေးလိုက်တော့ အတန်ကြာသည်အထိ နှစ်ယောက်လုံးဆီမှ အဖြေပြန်မလာ။
မေးသာမေးလိုက်ရတာ ပြန်မဖြေဘဲ ခင်ဗျားကိစ္စမဟုတ်ဘူးလို့ Lightက ပြောလာမှာကိုလည်း စိုးရိမ်ရသေးသည်။ဒီကောင်လေးက Darkရဲ့အဆိပ်အပြင်းဆုံးလေးမို့ မကြည်ရင်မကြည်သလို ဆက်ဆံခံရနိုင်တယ်လေ။
![](https://img.wattpad.com/cover/352874143-288-k885653.jpg)
YOU ARE READING
Ideal Partners
Mystery / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။