Uni
~မင်းရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကိုင်ချင်တယ်~
Lightက ဦးလေးဖြစ်သူကို သတ်ရန်ခဏခဏလုပ်ကြံခဲ့တယ်ဆိုတာ သိလိုက်ရပေမယ့်လည်း သူတို့တူဝရီးနှစ်ယောက်ရဲ့ ဆက်ဆံရေးက ကူကယ်ရာမဲ့ ဆိုးဝါးနေတယ်လို့ မှိုင်းမထင်ပါ။
Lightသာသတ်ချင်ရင် သေချာအကွက်ချပြီးမှလုပ်မှာ အသေချာ။ပြီးတော့ ဗံဆိုတဲ့လူ။ထိုလူကလည်း Lightက သူ့အသက်အန္တရာယ်ကို အမှန်တကယ်ခြိမ်းခြောက်လာခဲ့ရင် ဒီတိုင်းလွတ်ထားမှာမဟုတ်လောက်။
အဆုံးသတ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူကဘယ်သူ့ထက်ပိုသာတယ်ဆိုပြီး စမ်းသပ်နေကြရုံသက်သက်သာ။သူတို့စမ်းသပ်တာက သာမာန်လူတွေအတွက် အန္တရာယ်များပေမယ့်လည်း...သူတို့အတွက်တော့ ပုံမှန်ဖြစ်နေကြပုံပါပဲ။
ဗံကိုလိုက်ပို့ပေးပြီးတဲ့နောက် မှိုင်းလည်း သူ့အခန်းထဲသူပြန်ဝင်ကာ Lightနဲ့လုပ်ထားတဲ့ အလောင်းကစားအတွက် စတင်အစီစဥ်ချတော့သည်။
ဘယ်သူလုပ်တာ ဘာဘာညာညာ ရှုပ်နေတာ တွေကို ဘေးခဏဖယ်လိုက်ကာ ဖြစ်စဥ်အစအဆုံးသေချာတွေးလိုက်ရင် တစ်ဖက်လူဆင်တဲ့ ထောင်ချောက်ထဲ သူတို့ဘယ်ချိန်ကစပြီးရောက်သွားလဲဆိုတာကစပြီး စဥ်းစားရလိမ့်မည်။
ထွေထွေထူးထူးတွေးစရာမလို။အဲ့ဒါက Lightမဲဆွဲလိုက်တဲ့အချိန်ကစတာပဲ။
မဲပုံးထဲမှာပါတဲ့ Massionစာရွက်တွေမှာ မတူညီတဲ့ Massionအမျိုးစားတွေကိုရေးထားလိမ့်မည်။Lightဆွဲလိုက်တဲ့အခါ အဲ့ဒီအန္တရာယ်များတဲ့ Massionကိုမှ ဘယ်လိုဖြစ်ပြီး ကွက်တိဆွဲမိသွားရတာလဲ။
မှိုင်းသေချာအဖြေရှာပြီးတဲ့နောက်မှာတော့ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။
ထို့နောက် သူတွေးတာမှန်မမှန် သေချာစေရန်အတွက် မကြီးမငယ် ရွယ်တူပုံးသုံးခုကို သူ့အခန်းထဲမှ ရှာဖွေမွှေနှောက်ယူလိုက်သည်။
ထို့နောက် ထိုပုံးတွေထဲကို အရွယ်ညီညီနှစ်ဖက်ခေါက်ထားသော စာရွက်လွတ်တွေနှင့် နံပါတ်ဂဏန်းတွေရေးထားတဲ့ စာရွက်အချို့ကို သေချာနေရာတကျစီစဥ်ထည့်ကာ ပုံးတွေရဲ့အဖုံးကို လူလက်တစ်ဖက်လွတ်လွတ်လပ်လပ်ဝင်လို့ရမည့် အရွယ်စားထိဖောက်ပြီး ပြန်ပိတ်လိုက်သည်။
YOU ARE READING
Ideal Partners
Misteri / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။