Uni
~လူကိုလူလို့ မမြင်နိုင်တော့တာလောက် ဒီလောကမှာ ကြောက်ဖို့ကောင်းတာမရှိဘူး~
သတိအနေထားဖြစ်ခဲ့တုန်းက ခပ်တည်တည်ဖြစ်နေသော မှိုင်းရဲ့မျက်နှာလေးသည် အခုချိန်မှာ အံ့သြမှုကြောင့် ပျက်ပျက်ယွင်းယွင်းဖြစ်နေရ၏။
လရောင်ဆူးက မှိုင်းကိုထပ်ပြီး စေ့စေ့စပ်စပ်စိုက်ကြည့်လာပြန်ကာ ပကတိစိုးရိမ်နေဟန်ဖြင့် ဟန်အမူရာပိုပို မေးမြန်းလာလေသည်။
"လန့်သွားတာလား"
အမေးစကားတင်မဟုတ်။သူ့လက်တစ်ဖက်ဖြင့် မှိုင်းရဲ့မျက်နှာအား ဂရုဏာသက်စွာလှမ်းကိုင်ရန် ကြိုးစားနေသေးသည်။
"ရပ်လိုက်!"
Lightရဲ့ ခပ်ပြတ်ပြတ်အာဏာသံသည် မှိုင်းမျက်နှာကို ထိတော့မယ့် လရောင်ရဲ့လှမ်းလက်စလက်ကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
မှိုင်းမှာ Lightရဲ့စကားသံကြားမှသာ အနောက်ကိုဆုတ်ကာ ရှောင်ရန် သတိရတော့သည်။
ဟိုvedioကိုသာ မကြည့်ထားရင် သူ့ရှေ့က သူ့ကိုစိုးရိမ်တကြီးကြည့်ပြီး မျက်နှာကိုဂရုဏာသက်စွာ ကိုင်ရန်ကြိုးပမ်းနေသော မိန်းမကို လူကောင်းလို့ ထင်မိမှာ အသေချာ။အမူရာတွေ ပီပြင်လွန်းချက်က လူကိုပါ ဇဝေဇဝါ ဖြစ်သွားစေသည်။
Lightရဲ့ ခပ်ပြတ်ပြတ် လေသံအဖြတ်အတောက်နဲ့ စကားအဆုံး လရောင်က သူ့လက်နှစ်ဖက်ကို လက်နက်ချလိုက်ပုံဖြင့် မြောက်လိုက်ကာ မျက်နှာချိုသွေးတဲ့ အပြုံးမျိုးပြုံးပြလာပြီး...
"အာ...ဟုတ်ပါပြီ...ဟုတ်ပါပြီ..."
အသံကအစ သူကြောက်လို့ ဆက်မလုပ်ရဲပါဘူး ဆိုတဲ့လေသံမျိုး။
မှိုင်း ထိုသရုပ်ဆောင်ချက်တွေကို ဆက်ကြည့်ဖို့အတွက် စိတ်မပါတာကြောင့် လိုရင်းရောက်အောင် သူပဲ မေးလိုက်တော့သည်။
"ဘာလိုချင်တာလဲ"
မေးလိုက်တော့လည်း ထိုအမျိုးသမီးက အလိုမကျဟန်ဖြင့် မျက်လုံးလေးတောင့်ကပ်ကာ ကလေးဆန်ဆန် ပြန်ပြောလာသေးသည်။
"အဲ့လောက်ထိ အတည်ပေါက်ကြီးတွေ လုပ်မနေကြနဲ့လေ...ကြောက်ဖို့တောင်ကောင်းတယ်"

YOU ARE READING
Ideal Partners
Misterio / Suspensoficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။