Part-5(U+Z)

562 37 52
                                    

Uni

~မှိုင်း...မင်းငါ့ရဲ့အစေခံလေးလုပ်ပါလား(2)~

မှိုင်းနှင့်Light လူကွဲသွားခဲ့စဥ် အချိန်က.....။

အပေါ်ဆုံးထပ်က အခန်းတစ်ခုဆီ Lightဆွဲခေါ်ခံလိုက်ရပြီးနောက် ကြိုးတုတ်ခံထားရလျက်နဲ့ပင် ကြမ်းပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။ထိုအခန်းထဲတွင် ထိုင်ခုံသုံးလေးလုံးခန့်ရှိနေတာကြောင့် Lightသာရုန်းကန်နေရင် ထိုင်ခုံနဲ့ရိုက်လှဲပြီးငြိမ်အောင် လုပ်ခံရမှာအသေချာပင်။

ထိုလူကြီး ဘာဆက်လုပ်မယ်ဆိုတာ သိလျက်နဲ့တောင် Lightက တစ်ချက်ကလေးတောင် တုန်လှုပ်မသွားတဲ့အပြင် တည်ငြိမ်စွာဖြင့်ပင် မေးလာသေး၏။

"ရဲမွန်...အဲ့ဒါခင်ဗျားနာမည်လား"

Lightရဲ့အမေးကိုကြားတော့ ထိုလူကြီးက ခဏလောက် အံ့သြသွားပုံတော့ရသည်။ထို့နောက် ရဲမွန်ဆိုသည့်လူကြီးက ဖျက်လိုဖျက်စီး မျက်နှာနဲ့အတူ ပြန်မေးသည်။

"ကလေးက အစ်ကိုကြီးအကြောင်းတွေပါ ကြိုစုံစမ်းထားတာလား"

Lightက တွန်းလှဲခံထားရတာမို့ ကြမ်းပေါ်မှာ လဲကျနေတုန်းပင်။ဒါပေမယ့် သူက အတင်းကြပ် ပြန်ရုန်းဖို့ အစီစဥ်ရှိပုံမရ။ပြန်ထရန်မကြိုးစားတဲ့အပြင် ကြမ်းပြင်ပေါ်မှာ ပက်လက်လန်ပြီး သက်တောင့်သက်သာပင် နေ နေ သေးသည်။

"လွန်ခဲ့တဲ့1ပတ်လောက်က ခင်ဗျားတို့နဲ့ပတ်သက်တဲ့ သတင်းတစ်ချို့လာပေးသွားတဲ့သူရှိတယ်...ရှုပ်ထွေးတယ်နော်...ခင်ဗျားတို့ကလည်း ကျွန်တော်တို့က ထောင်ချောက်မိတာတဲ့... မဟုတ်မှလွဲရော ခင်ဗျားတို့ရော ကျွန်တော်တို့နှစ်ယောက်ရော သူလှည့်စားတာကို ခံနေရတာများ ဖြစ်နေမလားပဲ"

Lightရဲ့စကားကြောင့် ရဲမွန်ရဲ့ညစ်ပတ်တဲ့အတွေးတွေ ရပ်တန့်သွားရပြီး အဖြစ်ပျက်တစ်ချို့ကို သေချာပြန်တွေးလိုက်မိသည်။

Lightတို့ဆန်စက်ကို 9:00ဝန်းကျင်လောက် ရောက်လာမယ်ဆိုပြီး သတင်းအတိကျ လာပေးတာက Darkအဖွဲ့စည်းထဲမှ လူတစ်ယောက်ဖြစ်သည်။ရှင်းအောင်ပြောရရင် Darkအဖွဲ့စည်းထဲက သစ္စာဖောက်လာပြောပြတာ။

Ideal PartnersWhere stories live. Discover now