Part-12(U+Z)

432 40 2
                                    

Uni

~ငါကလွဲရင် အခြားဘယ်သူနဲ့မှ စကားမပြောနဲ့မှိုင်း~

နောက်ဆုံးကျန်ခဲ့တဲ့cardရဲ့ နံပါတ်သည်ကား အတိကျကို 4ပဲ။

"Lightက ကစားပွဲအစကတည်းက အစ်မဝသုန်ကို လှည့်စားနေတာပဲ"

မှိုင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတာကို ဘေးနားက ဟန်နီက မရေမရာလေးကြားသွားသည်။

ထို့နောက် စပ်စပ်စုစုပုံစံလေးဖြင့် မှိုင်းအနားကပ်ကာ တိုးတိုးလေး ပြန်မေးလာ၏။

"ဘာပြောတာလဲ"

မှိုင်းလည်း သတိလစ်လွတ် ပြောလိုက်မိပြီးမှ ဟန်နီအမေးကြောင့် သတိပြန်ဝင်လာကာ....

"ဘာမှမဟုတ်ပါဘူး"

သူပြန်ဖြေလိုက်တော့ ဟန်နီကလည်း ဆက်မမေးတော့။

မှိုင်း ဟန်နီကိုမပြောပြရတဲ့အကြောင်းရင်းက Lightကြောင့်။

Lightကို အဖွဲ့ဝင်သစ်တော်တော်များများက အစကတည်းကရှိန်နေကြတာကို သူသတိထားမိသည်။တကယ်လို့ Lightကရည်ရွယ်ချက်ရှိရှိ အစ်မဝသုန်ရဲ့ခံစားချက်တွေကို လှည့်စားနေတာပါဆိုပြီး ထောက်ပြလိုက်ရင် Lightကို ပိုတောင်ရှောင်ကုန်ကြမှာ။

ငယ်သေးတဲ့Lightအတွက် လူရှိန်ခံနေရတာက အထီးကျန်မှုကိုပဲ ပိုဖြစ်စေလိမ့်မည်။သူရှိနေသ၍ Lightကို ဒီထက်ပိုပြီး လူတွေရှိန်လို့ရှောင်ဖယ်ကြတာမျိုး မဖြစ်စေရတော့။

ဒါပေမယ့် အခုတော့ သူကိုယ်တိုင်က Lightနဲ့သူငယ်ချင်းတွေ ဖြစ်ဖို့နေနေသာသာ မတွေ့ချင်လို့ရှောင်နေရတဲ့ အခြေနေ။

လူတွေရှောင်ဖယ်အောင် လုပ်နိုင်တဲ့နေရာမှာ အဲ့ဒီအရိုင်းစိုင်းလေးက ပါရမီကိုပါတာ။သောက်ကျိုးနည်း ထူးလိုက်တဲ့ ပါရမီကြီး။

ကစားပွဲအစမှာကတည်းက Lightက အစ်မဝသုန်ရဲ့ ခံစားချက်တွေကို စိတ်ကြိုက် ကြိုးကိုင်နေခဲ့တာကို ခုနလေးတင်ကမှ သူလည်း သဘောပေါက်သွားခဲ့သည်။

အမှန်တော့ သူကသာ Lightကို အစ်မဝသုန်နဲ့တစ်မျိုးထင်နေပြီး နံပါတ်မပြောခင် ဖဲချပ်တွေကို အရင်ကြည့်ပြနေတယ်လို့ ထင်နေတာ။အစ်မဝသုန်ကတော့ အဲ့လိုထင်မှာမဟုတ်ဘဲ Lightရဲ့အကျင့်လို့ပဲထင်နေမှာ။

Ideal PartnersWhere stories live. Discover now