🌼ချစ်သောဦး🌼{Unicode}
{အခန်း၁}
"ဒီလောက်ဝနေတဲ့နင့်ကိုရံကချစ်တယ်တဲ့လား..ဟားဟား..ဖက်တီးမ နင်မရှက်ဘူးလား ဟမ်!!.."
"အေးလေ နင်နဲ့တန်လို့လား နင့်ကိုယ်နင်ရောမှန်ကြည့်ဖြစ်ရဲ့လား"
"ရံကနင့်ကိုကြည့်မရတာကောသိလား"
"နင့်လိုရုပ်ဆိုးတဲ့ဖက်တီးမကိုပညာပေးချင်လို့နင့်အပေါ်ကောင်းချင်ယောင်ဆောင်ခဲ့တာဟဲ့"
တစ်ယောက်တစ်ပေါက်ပြောနေသည့်စကားသံများကြားသူမကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေရသည်။မျက်ရည်များကြောင့်လဲအမြင်များဟာဝေဝါးနေရပေမယ့် အားလုံးဟာသူမကိုလှောင်ပြောင်နေမယ်ဆိုတာသူမသိသည်။
"ဟဲ့ ဖက်တီးမ ဝက်မ ကြားလားငါပြောတာ"
ခေါင်းကိုလက်ညိုးနဲ့ထောက်ကာပြောလိုက်တော့ သူမခေါင်းဟာပိုလို့ငုံ့သွားရသည်။
ဒီကျောင်းကိုစတက်ကတည်းက သူမကိုမည်သူမှအပေါင်းသင်းမလုပ်ခဲ့ကျ။တစ်ဦးတည်းသော လွမ်းကာရံရှိန်ဆိုတဲ့ ကောင်လေးတစ်ယောက်သာ သူမကိုအရေးပေးဆက်ဆံခဲ့သည်။ကောင်းပေးခဲ့သည်။သို့ပေမယ့် အခုချိန်မှာသိလိုက်ရသည်က ထိုကောင်လေးဟာလဲ သူမအပေါ်သို့ဆက်ဆံသည်မှာအပေါ်ယံဖြစ်သည့်အကြောင်းသိလိုက်ရချိန် သူမသိပ်ကိုဝမ်းနည်းသွားမိသည်။
သူမမရှိတော့ရင်ကောင်းမည်။ သူမပျောက်ကွယ်သွားရင် ဒီလှောင်ပြောင်သံတွေရပ်တန့်သွားလိမ့်မည်သာ။
"ဆရာမလာတော့မယ် အမြန်နေရာမှာထိုင်"
အားလုံးကသူမကိုဝိုင်းကြည့်နေရာမှတဖြည်းဖြည်းဖယ်ရှား၍ သူတို့နေရာဆီသို့ပြန်သွားကြလေသည်။သူမလဲကျနေရာမှထရပ်ရင်း ခြေလှမ်းများကအတန်းအပြင်ဘက်သို့လှမ်းထွက်လိုက်ပြီး ဦးတည်ရာက ခေါင်မိုးထပ်ဆီသို့..
*
*
"ဟင် အပေါ်မှာလူတစ်ယောက်...""ခုန်ချတော့မှာလားမသိဘူး လုပ်ပါဦး ဆရာတွေကိုသွားခေါ်ကြပါဦး"
"ဟင် တစ််ကယ်ကြီးခုန်ချတော့မယ်"
အောက်မှကျောင်းသူ/ကျောင်းသားများဝိုင်းလာ၍ သူမကိုမော့ကြည့်နေကြသည်။သူမမျက်ရည်များကိုမသုတ်အားပဲ ခေါင်မိုးအစွန်သို့တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။ကြောက်စိတ်ကြောင့်တုန်ယင်နေပေမယ့် သူမမျက်စိကိုစုံမှိတ်ထားသည်။လေတဖြူးဖြူးတိုက်နေသည့်ခေါင်မိုးအစွန်မှာရပ်ရင်း သူမလောကကြီးကိုအရှုံးပေးရန်ဆုံးဖြတ်ထားလေသည်။
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"