1

1.2K 56 10
                                    

"ဆောင်ဟွန်း ဆောင်ဟွန်း ဆောင်ဟွန်း"

သူ့နေရာဖြစ်တဲ့ အတန်းထဲက နောက်ဆုံးခုံမှာ ခေါင်းမှောက်ပြီး အေးဆေးအိပ်နေတုန်း အလောတကြီးပြေးလာပြီး လက်မောင်းကို လာလှုပ်နှိုးတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကြောင့် အိပ်ချင်မူးတူးနှင့် ထရတော့သည်။

"ဟင် ဟင် ဘာဖြစ်တာလဲ"

"အဟင့် အဟင့်......."

ရှုံ့မဲ့ကာ ရှိုက်ကြီးတငင်ငိုပြနေလို့ လန့်ပြီး မတ်တပ်တောင် ထရပ်လိုက်မိပေမဲ့ သေချာကြည့်လိုက်ပြန်တော့လည်း မျက်နှာပေါ်မှာ မျက်ရည်နဲ့ တူတဲ့အရာဆိုလို့ ချွေးတောင်တစ်စက်မတွေ့ရ။ ဆောင်ဟွန်းတော့ သိလိုက်ပြီ သူ့သူငယ်ချင်းအမွှေစိန်ရဲ့ ပြဿနာတစ်စုံတစ်ရာကို လိုက်ရှင်းပေးရတော့မည်။ လိုက်ရှင်းပေးတယ်ဆိုတာကလည်း ပြေလည်အောင်ဖြေရှင်းပေးရတာမျိုးတော့မဟုတ် သူ့ဘက်ကနေ ရန်လိုက်ဖြစ်ပေးရတာမျိုးဖြစ်သည်။ ဘယ်သူ့ဘက်ကမှားသည်ဖြစ်စေ သူ့သူငယ်ချင်းသာအမှန်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေပြီး ရန်လိုက်ဖြစ်ပေးရသည်။

"ဘာဖြစ်လာတာလဲလို့"

"ငါ့ကို အကိုကြီးတစ်ယောက်ကလေ ခြိမ်းခြောက်တယ်သိလား။ ငါ့ကို ကျောင်းအုပ်ကြီးနဲ့ တိုင်မယ်တဲ့။ အီးးးးးးးးးး ကယ်ပါဦး ဆောင်ဟွန်းနီး....ငါ့ကို မေမေက ရိုက်လိမ့်မယ်အီးးးးးးးးး"

" မင်းက ဘာသွားလုပ်လို့လဲ?"

ဂျိတ်ခ်ကို ပုခုံးကနေ အသာဆွဲထိန်း၍ ဆောင်ဟွန်းရဲ့ စာရေးစားပွဲပေါ် ထိုင်ခိုင်းလိုက်သည်။ ပြီးတော့ ဟန်ဆောင်ငိုနေတာကို သိပေမဲ့လည်း အော်ပြီးငိုပြနေရတာ ပင်ပန်းမှာစိုး၍ လက်လေးနဲ့ မျက်နှာလေးကိုပါ ယပ်ခတ်ပေးနေရသည်။

"ငါ ဘာမှလုပ်ဘူး"

သြော် ယုံချင်စရာကောင်းရှာတယ်။ သူ က ဘာမှမလုပ်ပဲနဲ့ ဟိုက ကျောင်းအုပ်နဲ့ တိုင်မယ်ပြောပါ့မလား? ခက်ပါတယ် ဂျိတ်ခ်တစ်ယောက်နဲ့လည်း...... ဆောင်ဟွန်းဘာသာ စိတ်ထဲကတွေးလိုက်တာပါ။ ထုတ်တော့မပြောရဲပါဘူး၊ ပြောမိရင် ကလေးမဟုတ်ပဲနဲ့ စိတ်ကောက်သွားရင် တစ်ပတ်လောက်က နောက်ကနေ လိုက်ချော့နေရတော့မှာလေ။

Forever and Ever and AlwaysWhere stories live. Discover now