7

305 49 18
                                    

Heeseung hyung နိုင်ငံခြားထွက်သွားပြီးလည်း ဂျိတ်ခ်တစ်ယောက် ဂျစ်တိုက်တာ၊ ဂျီကျတာကလွဲရင် အထက်တန်းနောက်ဆုံးနှစ်မှာ အတော်ငြိမ်သွားတယ်ဟုပြောရမည်။ သူ့ကို ကြိုက်တဲ့သူများတာကတော့မပြောင်းလဲပေမဲ့ ပြောင်းလဲသွားတာကတော့ လာကြိုက်တဲ့လူမှန်သမျှ အကုန် ငြင်းပြစ်တဲ့ ရှင်းဂျိတ်ခ်ပဲ။ သူကိုယ်တိုင်လည်း ငြိမ်သွားသလို ဆောင်ဟွန်းကိုလာကြိုက်တဲ့ ဂျူနီယာကလေးတွေကိုလည်း မောင်းထုတ်တတ်သေးတာ။ ဆောင်ဟွန်းကို ရည်းစားမထားရပါဘူးတဲ့၊ ဘာလို့လဲလို့ မေးကြည့်တော့ အထက်တန်းနောက်ဆုံးနှစ်မလို့ စာကပိုပြီးအရေးကြီးလို့ တဲ့လေ။ ငယ်ငယ်တည်းက တိုင်ပင်ထားကြတဲ့အတိုင်း တက္ကသိုလ်အတူတက်မယ်ဆိုတဲ့ အိမ်မက်လေးနဲ့လည်း နီးလာပြီမလို့ ဆောင်ဟွန်းမှာ စိတ်ကူးတွေနဲ့တင် ပျော်ရသည်။ uniရောက်ရင် လွတ်လပ်သွားပြီမလို့ ဂျိတ်ခ်နဲ့ အတူလုပ်ကြည့်ချင်တဲ့အရာလေးတွေလည်း အများကြီးရှိတယ်။

တကယ်လည်း ဒီနှစ်တစ်နှစ်လုံး ဘာကိုမှအာရုံစိုက်နေဖို့အချိန်ကိုမရှိခဲ့ပါဘူး။ ၃ယောက်လုံးက ကျောင်းတက်ရ၊ကျူရှင်တက်ရ၊စာလုပ်ရနဲ့ ဖြတ်သန်းနေရတာ။ ဂျုံဆောင်းတောင် ဂျောင်ဝန်းနဲ့ ကျောင်းမှာပဲတွေ့ရတော့သည်။ ဂျိတ်ခ်ကတော့ heeseung hyungနဲ့ တွဲနေတုန်းပါပဲ သူတို့အားတဲ့ချိန် phပြောကြတယ်၊ ဂျိတ်ခ်စီကို လက်ဆောင်တွေလှမ်းပို့တယ်။ ဒီလိုနဲ့ပဲ အထက်တန်းနောက်ဆုံးနှစ်လေးက စာတွေလုပ်ရတာကလွဲရင် ဆောင်ဟွန်းဟာ ဂျိတ်ခ်ဘေးမှာ အရင်အတိုင်းလေးပြန်နေခွင့်ရခဲ့တယ်။

--------------------------------------------------------------

ဒီနေ့ စာမေးပွဲပြီးသွားတဲ့နေ့......ဒီကြားထဲ ပင်ပန်းထားကြတာကြောင့် အိမ်မှာပဲ အနားယူကြပြီး မနက်ဖြန်မှ ဂျောင်ဝန်းနီးကိုပါ ခေါ်ပြီး လျှောက်လည်ကြမည်ဟု တိုင်ပင်ထားကြသည်။ ညနေဘက် ဆောင်ဟွန်းက ခြံထဲမှာ ပန်းပင်ရေလောင်းနေတဲ့ မေ့မေ့ကို ဝိုင်းကူနေတုန်းပဲ ခြံတံခါးကဖွင့်ထားတာကြောင့် ခြံထဲကို ငိုပြီး ပြေးလာတဲ့ ဂျိတ်ခ်ကို တွေ့လိုက်ရ၍ ဆောင်ဟွန်းမေမေက လန့်သွားပြီး ဂျိတ်ခ်စီကို ပြေးသွားကာ

Forever and Ever and AlwaysWhere stories live. Discover now