စာမေးပွဲပြီးလို့ ကျောင်းစပိတ်တဲ့နေ့ကစပြီး ဆောင်ဟွန်းအိမ်ကို နေ့တိုင်း မနက်ကနေ လာပြီး တစ်နေကုန် လာလည်တဲ့ ဂျိတ်ခ်ကို မနေနိုင်တော့တဲ့အဆုံးမှာတော့ ထုတ်မေးမိတော့တယ်။
"ဂျိတ်ခ်.... heeseung hyungနဲ့ သွားမတွေ့ဘူးလား?"
ဆောင်ဟွန်းကုတင်ပေါ်မှာ ခြေ ပြစ်လက်ပြစ် အိပ်ပြီး ph သုံးနေတဲ့ ဂျိတ်ခ်ဟာ
"သူ ကျောင်းသွားတက်မဲ့ ကိစ္စတွေနဲ့ ရှုပ်နေတယ်လေ"
"ဘယ်လောက်ရှုပ်ရှုပ်ပေါ့ တစ်ရက်လေးတောင်မတွေ့ကြဘူးလားမင်းတို့က"
"ဘာလဲ ငါ မင်းစီ လာတာကို မကြိုက်လို့လား"
လက်ထဲက phကို ကုတင်ပေါ် ပြစ်ချလို့ မျက်မှောင်ကြုံ့ကာ မေးလာတယ်။
"မဟုတ်ပါဘူး မေးကြည့်တာပါ မင်းကလည်း"
တစ်ကယ်ကိုပါ ဒီနှစ်ကျောင်းပိတ်ရက်လိုမျိူး တစ်နေကုန်လာနေ နေတာ မရှိခဲ့ပါဘူး။ ဒီနှစ်မှ ထူးဆန်းနေလို့ မေးကြည့်မိတာပါ။ ညနေကျရင်လည်း မိုးချုပ်မှပြန်တော့ ဟိုဘက်လမ်းလေးတင်ဆိုပေမဲ့ စိတ်မချတာကြောင့် ညတိုင်း ဆောင်ဟွန်းက ပြန်လိုက်ပို့ရသည်။ ဂျိတ်ခ်မေမေကလည်း ဂျိတ်ခ်က ဆောင်ဟွန်းစီကို လာတာကြောင့် သူ့ကို မဆူတော့ အဆိုးလေးက သဘောတွေကျနေတာနေမှာပေါ့.....
"မနေ့ညကတော့ အိမ်ကို ရောက်ချလာတယ်"
နှုတ်ခမ်းဆူကာ ဝမ်းနည်းသံလေးနဲ့ ပြောလာတော့ ဆောင်ဟွန်းဟာ အာရုံစိုက်နားထောင်ပေးရပြန်သည်။
"မေမေတို့နဲ့ အတင်းဝင်တွေ့ပြီး ရင်းနီးအောင်လုပ်သွားတယ်"
"အဲ့တာကောင်းတာပေါ့"
"ဘာကောင်းတာလဲ? သူက ငါ့ကို ချုပ်ခြယ်ချင်နေတာ"
"hyungက မင်းကို ကောင်းစေချင်လို့ပါ"
"ငါမကြိုက်ဘူး အဲ့လိုအကျင့်တွေကို... မလွန်ဆန်နိုင်လို့သာပေါ့....ဟူးးးးး"
![](https://img.wattpad.com/cover/364069261-288-k243863.jpg)