8

313 44 22
                                    

( ဂျိတ်ခ် မသွားခင် နှစ်ရက်အလို )

ဂျိတ်ခ်က သူမသွားခင် ဆောင်ဟွန်းတို့နဲ့ အတူ အလုပ်ချင်ဆုံးက barသွားခြင်းပါဟူ၍ ပူဆာတော့ ဆူနေကျ ဂျုံဆောင်းကတောင်မှ သွားကြမယ်လို့ သဘောတူလာတဲ့အခါ ဆောင်ဟွန်းကဘာကို ငြင်းနေရဦးမှာလဲ? သူတို့သူငယ်ချင်းလေးကို မခွဲရခင် လုပ်ချင်တာအကုန်လုပ်ပေးကြမယ်ဟု ဆောင်ဟွန်းနဲ့ဂျုံဆောင်းက နှစ်ယောက်သား ကြိတ်ပြီး တိုင်ပင်ထားကြသေးသည်။

ဂျုံဆောင်း ပါလာ၍ သူတို့နှစ်ယောက်အိမ်ကိုပါ ဝင်ပြီး တာဝန်ယူကာခေါ်လာခြင်းဖြစ်တာကြောင့် မေမေတို့ကလည်း စိတ်ချကာ လွှတ်ပေးကြသည်။ ဂျောင်ဝန်းနီကတော့ အသက်မပြည့်သေးတာကြောင့် ခေါ်လာလို့မရပေ။

မတည့်အတူနေ ဂျုံဆောင်းနဲ့ ဂျိတ်ခ်က အရက်လေးနည်းနည်းဝင်သွားတော့ လည်ပင်းဖက်ပြီး အတိုင်အဖောက်တွေညီလာကြသည်။ အခုအချိန်မှာ ဆောင်ဟွန်းက ဘေးလူဖြစ်နေသည်။ အရက်သောက်ရတာကို ကြိုက်ပေမဲ့ စွတ်သောက်နေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို ထိန်းရမှာ ဖြစ်တာကြောင့် သိပ်မသောက်မိအောင် ကိုယ့်ကိုယ်ကို ထိန်းနေရသည်။

"ဂျုံဆောင်း မင်း ဂျောင်ဝန်းနီကို တကယ်ချစ်တာလား?"

"တကယ်ချစ်တာပေါ့ ငါ့ဘဝကြီးက သူပဲ"

" မင်း ဂျောင်ဝန်းနီကို ကောင်းကောင်းဆက်ဆံနော်။ မဟုတ်ရင် ငါ တမင်တကာကို ပြန်လာပြီးတော့ မင်းကို နားရင်းလာအုပ်မှာ"

"မင်း ပြန်မရောက်လာခင် ဆောင်ဟွန်းနီဆီက နားရင်းအရင်အုပ်ခံရမှာ.... ဟုတ်တယ်မလား ဆောင်ဟွန်းနား ဟားဟားဟား"

ချစ်စရာကောင်းတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို ပြုံး၍သာကြည့်နေမိသည်။ စကားလုံးတွေထက် ဂျိတ်ခ်ရဲ့ ပုံရိပ်လေးတွေကိုအမှတ်ရနေချင်တာကြောင့် ဆောင်ဟွန်းရဲ့ စိတ်အာရုံအစုံကို ဂျိတ်ခ်စီကိုပဲ ပို့ထားမိသည်။

"ဆောင်ဟွန်းနီ ငါ့ကို Lee Heeseungက အနိုင်ကျင့်ရင်ရော မင်းကလာပြီး ဆုံးမပေးမှာလားဟင်"

Forever and Ever and AlwaysWhere stories live. Discover now