ပိတ်ရက်မှာ ဂျိတ်ခ်နဲ့ ချိန်းထားပေမဲ့ အရေးကြီးတဲ့အလုပ်ကိစ္စပေါ်လာခဲ့၍ ချိန်းထားတာကိုဖျက်ပြီး ကုမ္ပဏီသို့သွားရန်အကြောင်းဖန်လာခဲ့သည်။ ဂျိတ်ခ်လည်း တစ်ယောက်တည်းပျင်းနေလောက်မှာကို ဆောင်ဟွန်းသိလို့ ညနေကျရင်တော့ ညစာအတူစားဖို့ စိတ်ကူးထားတယ်။ ပိတ်ရက်တစ်နေကုန်လုံးကို မပြီးသေးတဲ့စိတ်ရှုပ်စရာအလုပ်ပြဿနာတွေကြားထဲမှာ နစ်မြုပ်နေခဲ့တဲ့ဆောင်ဟွန်းစီကို အမည်မသိ ဖုန်းတစ်ကောလ်ဝင်လာခဲ့တယ်။
" ဟယ်လို ပတ်ဆောင်ဟွန်းပါ "
" ကိုယ်ပါ ဆောင်ဟွန်းနား "
မကြားရတာကြာပြီဖြစ်တဲ့ အဲ့အသံကို အခုထိလည်းဆောင်ဟွန်းဟာမှတ်မိနေတုန်းပါပဲ။
" Heeseung hyung!!! "
" မင်း ကိုယ့်အသံကို မှတ်မိသေးတာပဲ "
မှတ်မိတာပေါ့ ဆောင်ဟွန်းက ဂျိတ်ခ်နဲ့ပတ်သတ်တဲ့အရာမှန်သမျှ၊ လူမှန်သမျှကို မေ့ပြစ်နိုင်စွမ်းမရှိဘူးလေ။
" ကိုယ် မင်းနဲ့ စကားအေးဆေးပြောချင်လို့ ဆောင်ဟွန်းနား မင်းအခုအားလား? "
" အခုကတော့ ကျွန်တော် အလုပ်ကိစ္စလေးရှိနေလို့ hyung...နောက်တစ်နာရီလောက်ဆိုရင်တော့ ပြီးမယ်ထင်တယ် "
" Ok! အဲ့ဒါဆို ကိုယ် barလိပ်စာတစ်ခုပို့ပေးလိုက်မယ်။ အဲ့မှာကိုယ်ရှိနေမယ် မင်းပြီးရင်လာခဲ့လိုက်ပါ"
" ဟုတ်ကဲ့ hyung "
" Ok အဲ့ဒါဆို bye see you "
" see you hyung "
Heeseung hyungက ပြန်ရောက်နေတာပဲ။ ဂျိတ်ခ်ကလည်း ဘာမှမပြောပါလား? စိတ်ထဲမှာတော့ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုကို ဆောင်ဟွန်းခံစားမိနေသည်။
တစ်နာရီလောက်အတွင်းပြီးမယ် ထင်ထားခဲ့တဲ့အလုပ်က တစ်နာရီခွဲလောက်ကြာသွားတာမလို့ ဆောင်ဟွန်းမှာ heeseung hyungချိန်းထားတဲ့နေရာစီသို့ အလောတကြီးသွားလိုက်ရသည်။ အဲ့ကနေအပြန်မှ ဂျိတ်ခ်စီကို ဝင်ရမည်။ တစ်နေကုန်ရှုပ်နေတာနဲ့ ဒီနေ့ ဆောင်ဟွန်းမှာ ဂျိတ်ခ်ရဲ့အသံလေးကိုတောင် အခုထိမကြားရသေးပေ။
![](https://img.wattpad.com/cover/364069261-288-k243863.jpg)