( ဂျိတ်ခ်သွားပြီး တစ်ပတ်အကြာ )
ညက ညည့်နက်တဲ့ထိphပြောထားတာတောင် မနက် အိပ်ယာနိုးလာတော့ ဂျိတ်ခ်က ဆောင်ဟွန်းနဲ့ အဝေးဆုံးမှာရှိနေတယ်ဆိုတဲ့အသိက ဆောင်ဟွန်းကိုစိတ်ရှုပ်ထွေးစေတယ်။ ဆောင်ဟွန်းက အချိန်ပိုင်းအလုပ်လုပ်နေရပြီး ဂျိတ်ခ်က ကျောင်းကိစ္စတွေလုပ်နေရတာကြောင့် သူတို့နှစ်ယောက် phပြောဖို့အဆင်ပြေတဲ့အချိန်က ဆောင်ဟွန်းအတွက်က ညဘက်ဖြစ်နေတော့ အိပ်ပုပ်ကြီးပါတယ်ဆိုတဲ့ ကောင်လေးကပဲ မနက်ဖက်စောစောထရန် alarmပေးထားပြီး phခေါ်လေ့ရှိတယ်။ မနေ့ကဆို ကျောင်းမှာ လမ်းတွေအများကြီး လျှောက်လိုက်ရတာကြောင့် ပင်ပန်းပြီး phပြောနေရင်း ပြန်အိပ်ပျော်သွားတာကြောင့် ဆောင်ဟွန်းမှာ အိပ်ပျော်သွားတဲ့ မျက်နှာလေးကိုပဲ ထိုင်ကြည့်ခဲ့ရတယ်။
တစ်နေ့တစ်ခါမျက်နှာလေးကိုမြင်နေရလည်း ဆောင်ဟွန်းရင်ထဲမှာ တစ်နေ့ထက်တစ်နေ့ လစ်ဟာသွားခြင်းတွေကိုသာ ပို၍ခံစားလာရတယ်။ တွေ့ချင်လာရင် အချိန်မရွေးပြေးတွေ့နိင်တဲ့နေရာမှာမရှိဘူးဆိုတဲ့အသိ......ပြီးတော့ ဂျိတ်ခ်မရှိတော့မှ သိလာရတဲ့ သူ့ရဲ့ခံစားချက်တွေ.....ဆောင်ဟွန်းဟာ ဂျိတ်ခ်ကို ချစ်မိနေခဲ့တယ်ဆိုတာကို အခုမှကိုယ့်ခံစားချက်တွေကို ပိုပြီးမြင်လာခဲ့တာ။
(နှစ်ပတ်မြောက်နေ့)
ရောက်သွားမိတာကတော့ ဂျိတ်ခ်ရဲ့အိမ်လေးစီ။ bellတီးလိုက်တော့ ဂျိတ်ခ်ရဲ့မေမေကလာဖွင့်ပေးတယ်။
"ဆောင်ဟွန်းနား လာလည်လာတာလား?"
"ဟုတ်....လေ့လာကို တွေ့ချင်လို့ပါ "
"လေလာက ဂျိတ်ခ်ရဲ့အခန်းထဲမှာရှိတယ်၊ တက်သွားကြည့်လိုက်။ မေမေ မုန့်လုပ်ထားတာနဲ့အတော်ပဲ စားပြီးမှပြန်နော်"
"ဟုတ်"
အရင်တုန်းက တက်နေကြဖြစ်တဲ့ လှေကားလေးပေါ် တက်နေတဲ့ ဆောင်ဟွန်းရဲ့ခြေလှမ်းတွေက လေးလံလို့ရယ်။ ပိုင်ရှင်မရှိတဲ့ အခန်းလေးရဲ့ တံခါးက အဆင်သင့်ပွင့်နေခဲ့တယ်။ ဝင်သွားလိုက်တဲ့နောက် ကုတင်ခြေရင်းက ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ လေ့လာ့ကိုတွေ့ရသည်။ လေ့လာရဲ့ ဘေးလေးမှာ ဝင်လှဲလိုက်ပြီး အိပ်ပျော်နေတဲ့ လေ့လာ့ကို ငေးကြည့်နေမိသည်။ လေ့လာလေးက သူ့သခင်အတိုင်းပဲ အိပ်ပျော်နေတဲ့အချိန်တိုင်းမှာ ဖြူစင်မှုတွေနဲ့ ပြည့်နှက်နေလေ့ရှိတယ်။