5

294 46 12
                                    

ဒါပေမဲ့ သူမမေးခဲ့တဲ့ အကြောင်းအရင်းကို ဂျောင်ဝန်းနီးကတော့ မေးခဲ့တယ်။

"ဂျိတ်ခ်hyung အဲ့ စီနီယာhyungနဲ့ ဘာလို့တွဲတာလဲ"

"ပျင်းလို့"

အပြောထက် လက်ကမြန်တဲ့ ဂျုံဆောင်းက သူ့အရှေ့မှာရှိနေတဲ့ ဂျိတ်ခ်ရဲ့ ခေါင်းကို ခေါက်ဖို့ရာ လက်လှမ်းလာပေမဲ့ လက်ဖဝါးနဲ့ ကာလိုက်တဲ့ ဆောင်ဟွန်းကြောင့် ကံကောင်း၍ ဂျိတ်ခ်ခေါင်းထက်သို့ မကျရောက်သွားပေ။

"ဆောင်ဟွန်းနီ မင်း လက်ဖယ်စမ်း ဒီကောင်က ငါဆုံးမမှရမှာ"

"မလုပ်ပါနဲ့ မင်းကလည်း"

"မင်း အဲ့လိုတွေ ကာဆီးကာဆီးလုပ်မနေနဲ့ စီနီယာheeseungလို လူမျိုးကိုတောင် သူက ပျင်းလို့တွဲတာဆိုပဲ"

"မင်း ငါ့ကို မနာလိုနေတာမလား ပတ်ဂျုံဆောင်း"

"တော်ကြပါတော့ hyungတို့ကလည်း ကလေးအရမ်းဆန်ကြတာပဲ"

"ဟာ babeဘာသိလို့လဲ? အဲ့ကောင်က အသက်ကြီးလေ ဆိုးလေဖြစ်နေပြီ...ရည်းစားမထားနဲ့မပြောပါဘူး။ အတည်တကျတွဲပေါ့ ခုတော့ သူပျင်းတိုင်း ကောက်တွဲရအောင် လူတွေက အရုပ်တွေမလို့လား"

ဆောင်ဟွန်းကတော့ ဘာမှမပြောပါဘူး။ဂျိတ်ခ်အတွက် ဝယ်လာခဲ့တဲ့ colaဘူးလေးကိုသာ အဖုံးလေးဖွင့်ပေးပြီး ဂျိတ်ခ်ရဲ့ ရှေ့မှာ ချပေးလိုက်တယ်။

"အခုအတည်တွဲမလို့လေ"

ထမင်းစားဖို့ ကောက်ကိုင်လိုက်တဲ့ ဆောင်ဟွန်းလက်ထဲက တူလေးက လေထဲမှာ ခဏရပ်တန့်သွားခြင်းနှင့်အတူ ထွက်ပေါ်လာတဲ့ ရင်းနီးနေခဲ့ပြီးသား ringtoneလေး....

"Omm ပြော"

"canteenမှာ....ဆောင်ဟွန်းနီတို့နဲ့"

"အင်း လာခဲ့လေ"

ဆောင်ဟွန်းဟာ တခါတလေ အကြားအမြင်ရနေတာလားတောင် ကိုယ့်ဘာသာထင်မိသည်။ ဂျိတ်ခ်နဲ့ ပတ်သတ်လာရင် စိတ်ထဲကနေ တခုခုကို ခံစားမိတတ်သည်။

Forever and Ever and AlwaysWhere stories live. Discover now