Finale

712 70 24
                                    


နေ့လယ်ခင်းမှာ ဆောင်ဟွန်းရုံးခန်းထဲကို အီဟီဆွန်းရောက်လာခဲ့သည်။

" ဘာပြောစရာရှိလို့လဲ? "

ဆိုဖာမှာ ခြေချိတ်ထိုင်ရင်း တွေဝေ​​နေတဲ့မျက်ဝန်းတွေနဲ့အီဟီဆွန်းရဲ့ မျက်နှာကိုမကြည့်ပဲဆောင်ဟွန်းမေးလိုက်သည်။

" ဂျိတ်ခ် ခြေထောက်သက်သာရဲ့လား?"

" အခုမှ လာပြီး စိတ်ပူပြနေတာလား hyung...ကျွန်တော့်ဘဝမှာနောင်တအရဆုံးက ခင်ဗျားလိုလူလက်ထဲကို ဂျိတ်ခ်ကို ကြည်ဖြူစွာထည့်လိုက်မိတာပဲ "

" ကိုယ် ဒီည ပြန်တော့မယ် ဆောင်ဟွန်းနား"

" ..... "

" ကိုယ်မနေ့က ညက အတွေးတွေအရမ်းများခဲ့တယ်။ ဂျိတ်ခ်ကို ကိုယ်ချစ်တယ် လိုချင်တယ်။ ဒါပေမဲ့ မနေ့က သူ့ရဲ့ပုံကိုကြည့်ပြီး ကိုယ် ကြောက်မိတယ်။ သူ့ကို ကိုယ့်အနားမှာခေါ်ထားလို့ သူ့ကိုယ်သူ တစ်ခုခုလုပ်ပြစ်လိုက်ခဲ့ရင်ဆိုတဲ့အတွေးတွေကို ခေါင်းထဲက ထုတ်လို့မရခဲ့ဘူး "

အီဟီဆွန်းပြောသမျှကို ဆောင်ဟွန်း ဒီအတိုင်းပဲ နားထောင်ပေးခဲ့တယ်။

" ဂျိတ်ခ်က မင်းဆီမှာပဲ သူပျော်ရွှင်နိုင်မယ် ထင်တယ် ကိုယ်သူ့ကို လက်လွှတ်လိုက်တော့မယ် "

" ကျွန်တော်က သူ့ကို အားလုံးထက်ပိုပြီး ပျော်ရွှင်အောင် ထားမှာပါ "

" ကိုယ် သိပါတယ်.....ဂျိတ်ခ်ကိုလည်း ကိုယ်နှုတ်ဆက်ခဲ့တယ်လို့ ပြောပေးပါ ဆောင်ဟွန်းနား"











ဂျိတ်ခ်ကို ကုမ္ပဏီရှေ့မှာ စောင့်နေကြောင်းစာပို့ထားပြီး ချစ်ရသူကို ကားအပြင်မှာထွက်စောင့်နေလိုက်တယ်။ ခဏအကြာ ဂျိတ်ခ်က လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းဖြစ်ပုံရတဲ့ ကောင်လေးတစ်ယောက်ကို တွဲလို့ ထွက်လာခဲ့တာကို မြင်တော့ ဆောင်ဟွန်းမှာ ဂျိတ်ခ်စီသို့ အမြန်ပြေးသွားမိသည်။ ဆောင်ဟွန်းကို မြင်တာနဲ့ ထိုကောင်လေးကို နှုတ်ဆက်ကာ ပြန်ဖို့ ပြောနေပုံရသည်။ဂျိတ်ခ်က ဆောင်ဟွန်း သူ့အနားကို ရောက်လာမှာကို အဲ့နေရာလေးမှာပဲ မတ်တပ်ရပ်ပြီးစောင့်နေခဲ့တယ်။

Forever and Ever and AlwaysWhere stories live. Discover now