12

392 49 14
                                    

ရိုက်ကူးရေးစဖို့လိုသေးတာကြောင့် sunooက ဆောင်ဟွန်းရဲ့ ရုံးခန်းထဲမှာ ကော်ဖီသောက်ရင်း အနားယူနေတယ်။ ရုံးခန်းထဲကို ဝင်ထွက်ခွင့်ပေးထားတာကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေက ကွယ်ရာမှာ sunooနဲ့သူ့ကို တွဲနေကြတယ်ဟု အတင်းတွေပြောနေကြတာကိုလည်း ဆောင်ဟွန်းက ဂရုမစိုက်ခဲ့ဘူး။ သူ့ဘဝထဲက အလုပ်ကလွဲ တော်တော်များများကို ခေါင်းထဲထည့်လေ့မရှိပေ။

စားပွဲခုံပေါ်က ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေတဲ့ ဆောင်ဟွန်းကို

" ကိုကို "

" Hmm? "

" ငါ သွားရတော့မယ် "

လက်ကနာရီကို တစ်ချက်ကြည့်လိုက်တော့ 10နာရီခွဲပြီဖြစ်တာမလို့ ရိုက်ကူးရေးချိန်နီးနေပြီဖြစ်သည်။

" ကိုယ်လိုက်ပို့ပေးရဦးမလား "

" ရတယ် "

sunooရဲ့အကြည့်တွေက ဆောင်ဟွန်းကို တစ်ခုခုပြောချင်နေသေးပုံပေါက်နေတာမလို့ ဆောင်ဟွန်း စောင့်ပေးလိုက်သည်။ ခဏကြာတော့

" ငါ့ကို ခဏလောက်ဖက်ထားပေးပါလား။ မဟုတ်ရင် ငါအလုပ်မလုပ်နိုင်လောက်တော့ဘူး ထင်တယ်"

အမြဲ ပြုံးနေတဲ့ ကောင်လေးတစ်ယောက်ကို အပြုံးတွေ ပျောက်ကွယ်သွားအောင် လုပ်ခဲ့ပြီးမှ ဒီလောက်လေးတောင် လိုက်လျောမပေးနိုင်ရအောင် ဆောင်ဟွန်းဟာ အဲ့လောက် အေးစက်နေတဲ့ နှလုံးသားမရှိတဲ့သူမဟုတ်ဘူးလေ။ စားပွဲရှေ့ကနေ ထလာခဲ့လို့ sunoo ရှေ့ကို လျှောက်သွားလိုက်တယ်ဆိုရင်ပဲ ဆောင်ဟွန်းရင်ခွင်ထဲကို ပြေးဝင်လာခဲ့တဲ့ ကောင်လေးကို အလိုက်သင့်လေးပြန်ဖက်ထားပေးခဲ့မိသည်။ ဆောင်ဟွန်း လမ်းခွဲစကားတွေမပြောနိုင်ခဲ့တာ အဲ့တာတွေကြောင့်လည်းပါသည်။ ဆောင်ဟွန်းက အေးစက်တာထက်ကိုပိုပြီးတော့ သူ့ဘေးနားကနေထွက်သွားချင်တဲ့ အရိပ်အယောင်မျိုးကို မြင်လိုက်ရင် ဆောင်ဟွန်းရှေ့မှာ ချက်ချင်းညှိုးငယ်သွားတတ်တာကြောင့် လမ်းခွဲစကားဆိုဖို့ ဆောင်ဟွန်းက အမြဲတွေဝေနေခဲ့ရတယ်။ ဆောင်ဟွန်းစီကို သူ့ဘာသာသူဝင်လာတာဆိုပေမဲ့ ဆောင်ဟွန်းက မနွေးထွေးပေးနိုင်ခဲ့သလို၊ ချစ်ခြင်းတွေကိုလည်း မပေးနိုင်ခဲ့တာမလို့ တစ်ခါတစ်လေ အားနာစိတ်လေးဖြစ်မိရတယ်။

Forever and Ever and AlwaysWhere stories live. Discover now