11

310 45 5
                                    

တွေ့ဆုံခွင့်ဆိုတာ အချိန်တန်ရင်ဖြစ်လာတာမျိုးဆိုတဲ့အတိုင်း ဂျိတ်ခ်စီက မနက်ဖြန်ညနေ4နာရီကျရင် ပြန်ရောက်မယ်ဆိုတဲ့ message ကိုရတဲ့အချိန်ကစပြီး ထမင်းတောင်မစားနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့တာများ ညကလည်း တစ်ရေးမှမအိပ်နိုင်ခဲ့သလို ဒီနေ့တစ်နေ့လုံးလည်း အလုပ်လုပ်ရတာ အာရုံမရ၍ အလွဲလွဲအချော်ချော်တွေကိုဖြစ်လို့ရယ်။ ခုလည်း အလုပ်အစောကြီးဆင်းလာပြီး လေယာဥ်ကွင်းမှာ  လည်ပင်းဆန့်ပြီး မျှော်နေမိသည်။ companyက အလုပ်ဆင်းလာတော့ ဒီလိုအစောကြီးအလုပ်ဆင်းလေ့မရှိတဲ့ သူတို့သူဌေးကို ဝန်ထမ်းတွေက အထူးအဆန်းလိုက်ကြည့်ခဲ့ကြသေးသည်။

လေယာဥ်စိုက်လာပြီဖြစ်တဲ့အတွက် ထွက်လာကြတဲ့ လူတွေကို သေချာလိုက်ကြည့်နေရင်း သူရှာနေတဲ့ ပုံရိပ်လေးကို အသည်းအသန်လိုက်ရှာနေခဲ့သည်။ တွေ့ပါပြီ လွမ်းနေရတဲ့ ပုံရိပ်လေးကို....ဘယ်လောက်တောင်လွမ်းနေခဲ့လည်းဆို ကြောင်ပြီးငေးကြည့်နေမိပြီး ကိုယ့်မျက်စိကိုယ်တောင်မယုံနိုင်ဖြစ်ရသည်။ ဆောင်ဟွန်းကိုလိုက်ရှာနေတဲ့ မျက်ဝန်းလေးတွေနဲ့ နောက်ဆုံးမှာတော့ အချင်းချင်းတွေ့ဆုံသွားခဲ့ကြတဲ့နောက် သွားညီညီလေးတွေပေါ်လာတာကနေစလို့ ချစ်စရာပါးမို့လေးတွေအဆုံး အရမ်းလှလွန်းတဲ့ အပြုံးလှလှလေးတွေကို ဖြစ်တည်စေတော့ ဆောင်ဟွန်းမှာ ရင်တွေဖိုရတော့သည်။ ရင်ခုန်သံတွေအရမ်းကျယ်လောင်နေခဲ့တယ်။ ဘာအထိအတွေ့မှမရှိပဲနဲ့ကို မြင်လိုက်ရုံလေးနဲ့တင် ရင်တွေခုန်လာအောင် လုပ်နိုင်တဲ့ လူသားလေး။ ပြေးလာခဲ့တဲ့ ဂျိတ်ခ်ဟာ ပျော်ရွှင်နေတဲ့ ကလေးလေးတစ်ယောက်အလား၊ နေရာမှာတင် ငေးမောပြီး ကျောက်ရုပ်လိုဖြစ်နေတဲ့ ဆောင်ဟွန်းက တင်းကြပ်စွာအဖက်ခံလိုက်ရတော့မှ အိမ်မက်လိုဖြစ်နေတာကနေ လွတ်မြောက်လာတော့သည်။ ကိုယ်သင်းနံ့လေး၊ နွေးထွေးလွန်းတဲ့ ခန္ဓာကိုယ်၊ သူ့ထက်အနည်းငယ်ပုတဲ့အရပ်လေး တွေဟာ ပြောင်းလဲမသွားတဲ့အရာလေးတွေ။

"ဘာရပ်ကြည့်နေတာလဲ ငါ့ကိုတွေ့တာမပျော်ဘူးလား မင်း"

"..........."

ဘာမှပြန်မဖြေနိုင်ဘူး ဆောင်ဟွန်းမျက်စိရှေ့က နှုတ်ခမ်းလေးဆူလို့ ပြောလာတဲ့ ပုံရိပ်လေးကိုကြည့်ရင်း အိမ်မက်မက်နေတာလားဟု ထင်ယောင်ထင်မှားတွေပြန်ဖြစ်လာပြန်သည်။ လက်တွေ့နဲ့ အိမ်မက်တွေကို မခွဲခြားနိုင်တော့တဲ့ ဆောင်ဟွန်းရဲ့ ဦးနှောက်ဟာ ထုံထိုင်းသွားခဲ့ပြီ။

Forever and Ever and AlwaysWhere stories live. Discover now