3

298 50 15
                                    

နောက်နေ့ ဆောင်ဟွန်း အခန်းထဲကို ဝင်လာတော့ အသားဖြူတာကြောင့် ထင်းနေတဲ့ ဆောင်ဟွန်းရဲ့ လက်ခုံက အနီကွက်ကြီးကို ကြည့်ပြီး ဂျုံဆောင်းက

"ဟင် လက်ကဘာဖြစ်တာလဲ ဆောင်ဟွန်းနီး"

"ခိုက်မိတာ"

"ရန်ဖြစ်ထားတာမလား...နေဦး ဟိုကောင် ရှင်းဂျိတ်ခ်မွှေပြန်ပြီမလား ငါ လုပ်တော့မယ် အဲ့ကောင်ကို"

ချက်ချင်း ထသွားတော့မလို့ လုပ်နေတာကြောင့် ဆောင်ဟွန်းမှာ တားရပြန်သည်။

"အာ!!! ဆရာလာတော့မယ်လေ ဂျုံဆောင်း ပြန်ထိုင်နေစမ်းပါ"

"ငါသိနေတယ်နော် မင်းတို့တွေ ငါမသိရင်ခက်မယ်"

"ကဲ ဂျိတ်ခ်နဲ့ ဘာမှမဆိုင်ဘူး ငါ့ဘာသာ အိမ်မှာ ချော်လဲရင်း ဖြစ်တာလို့"

"မင်း ဟာကလည်း အတော်နာမဲ့ပုံပဲ"

"ဟုတ်တယ် နာတယ်..စာတောင်မရေးနိုင်ဘူး"

"မရေးနိုင်ရင် သေပေါ့"

ဆောင်ဟွန်းရဲ့ သူငယ်ချင်းတွေက အပြောကသာဆိုးတာပါ တကယ်တော့ သူ့အပေါ်ဂရုစိုက်ကြရှာတယ်။ စာမမှတ်နိုင်၍ ဂျုံဆောင်းက နောက်မှ သူဝိုင်းမှတ်ပေးမယ်ဟု ပြောလာတော့လည်း ကျေနပ်ရပြန်တာပဲ။

ပြဿနာက နေ့လယ်ထမင်းစားချိန် canteen မှာစတာပဲ။

"ဆောင်ဟွန်းနီ ငါ့ကို အိမ်စာကူရေးပေးဦး"

canteen ထိ စာအုပ်သယ်ချလာတဲ့ ဂျိတ်ခ်က ထမင်းစားချိန်အပြီး တက်ရမဲ့ဆရာရဲ့ အိမ်စာကို မေ့လာပေမဲ့ ဗိုက်ဆာရင် ဘယ်လိုမှ သည်းမခံနိုင်တာ မလို့ သူကတော့ ထမင်းစားနှင့်ပြီး ဆောင်ဟွန်းကိုတော့ အိမ်စာရေးခိုင်းခြင်းဖြစ်သည်။

"ဆောင်ဟွန်းနီ လက်နာနေတယ် ဂျိတ်ခ်"

"ဟင် မင်းပြောတော့ တက်တာတယ်တို"

ပါးစပ်ထဲမှာ ထမင်းပလုပ်ပလောင်းနဲ့ မျက်လုံးလေးပြူးကြည့်ရင်း ဘေးမှာထိုင်နေတဲ့ ဆောင်ဟွန်းကို လှည့်ပြောလာသည်။ ဆောင်ဟွန်းရဲ့ လက်မောင်းပေါ်ကို စင်လာတဲ့ ထမင်းလုံးတွေကို လက်နဲ့ လိုက်ခွာရင်း

Forever and Ever and AlwaysWhere stories live. Discover now