Hyungနဲ့ စကားပြောပြီးတော့ အိမ်ပြန်လာတဲ့လမ်းမှာ ဂျိတ်ခ်ကို ဖုန်းခေါ်နေပေမဲ့ လုံးဝကိုင်ခြင်းမရှိခဲ့။ ထပ်ကာထပ်ကာ ခေါ်နေလည်း ချပြစ်တာကြောင့် ဂျိတ်ခ်စီ စာလေးပို့ပြီး ချော့ဖို့ကြိုးစားရသည်။
'ဘယ်မှာလဲ?ငါအခုပြန်လာနေပြီ။ မင်း အိမ်ပြန်ရောက်ပြီလား?'
စာပို့တော့လည်း လုံးဝ ဝင်မဖတ်ပဲ နေ နိုင်လွန်းနေတဲ့ သူ့ သူငယ်ချင်းလေးရယ်။ နောက်ဆုံး အိမ်ကို တန်းမပြန်ပဲ ဂျိတ်ခ်ရဲ့ အိမ်ရှိရာ လမ်းလေးထဲကို ဝင်လာခဲ့သည်။ အိမ်ရှေ့ကနေ အိမ်ပေါ်ထပ်မှာရှိတဲ့ ဂျိတ်ခ်ရဲ့ အခန်းလေးကို လမ်းမကနေ စူးစမ်းတော့ လှုပ်ရှားမှုလေးတွေလည်း မတွေ့ရပေ။ ဧကန္တ ပြန်များမရောက်သေးတာလား။ ဂျူယွန်းနဲ့ စိတ်ပြေလက်ပျောက် လျောက်သွားနေပြန်ပြီ ထင်ပါရဲ့။ သူများအိမ်ရှေ့ ယောင်တောင်ပေါင်တောင်လုပ်နေတုန်းမှာပဲ အိမ်ထဲကနေ ဂျိတ်ခ်မေမေထွက်လာတော့သည်။
"ဆောင်ဟွန်းနီ လာလေအိမ်ထဲကို အဲ့မှာဘာလုပ်နေတာလဲ?"
"ဟိုဟာလေ အန်တီ ဂျိတ်ခ်ပြန်ရောက်ပြီလားမသိဘူး"
"ပြန်ရောက်နေပြီ။ အတူတူပြန်လာကြတာမဟုတ်ဘူးလား? အမယ် ထူးဆန်းတယ်နော် ဒီနှစ်ယောက်"
"ဟို ကျွန်တော်က ကိစ္စလေးရှိနေလို့ အတူမပြန်ဖြစ်လိုက်ဘူး"
"ရန်ဖြစ်ထားကြတာတော့ မဟုတ်ပါဘူးနော်...ဂျိတ်ခ်ကလည်း ပြန်လာတည်းက အခန်းထဲ ဝင်သွားပြီး ပြန်ထွက်မလာဘူး"
"မဖြစ်ထားပါဘူး အန်တီ"
"ပြီးတာပါပဲ မင်းသူငယ်ချင်းစီ တက်သွားကြည့်လိုက်ဦးလေ"
"ဟုတ်"
ဂျိတ်ခ်ရဲ့မေမေက မုန့်လုပ်ထားမယ် ခဏနေကျ ဂျိတ်ခ်ကိုခေါ်ပြီး ဆင်းခဲ့ဟုမှာလိုက်သေးသည်။ ဂျိတ်ခ်ရဲ့ အခန်းရှိရာ အပေါ်ထပ်ကို တက်လာတော့ အခန်းရှေ့မှာ ငုတ်တုပ်လေးထိုင်နေတဲ့ လေလာ့ကို တွေ့ရသည်။ စိတ်ဆိုးလာရင် အနားကို ဘယ်သူ့မှ အကပ်မခံတဲ့ သူ့သခင် ကြောင့် လေလာ မှာ အခန်းပေါက်ဝမှာ ငုတ်တုတ်လေးဖြစ်နေရှာသည်။ ဆောင်ဟွန်းကို မြင်တော့မှ အမြီးလေးလှုပ်ကာ ဆောင်ဟွန်းစီပြေးလာသည်။
![](https://img.wattpad.com/cover/364069261-288-k243863.jpg)