17 🤍🤎

477 53 12
                                    

" hyungပြောတာတွေကအမှန်တွေပဲလား?"

" ကိုယ်က မင်းကိုဘာလို့လိမ်​ရမှာလဲ? "

" ဘာလို့ ဂျိတ်ခ်ကိုအဲ့လိုလုပ်ခဲ့ရတာလဲ? ချစ်တယ်ဆို၊ hyungသူ့ကိုချစ်တယ်ဆို...ဂျိတ်ခ်က သူ့ကိုအဲ့လိုလုပ်တာတွေကိုမကြိုက်ဘူးဆိုတာ hyungမသိဘူးလား? "

" မင်းမှားနေပြီ။ ကိုယ့်ကြောင့်မဟုတ်ဘူး သူ့ကိုအဲ့လိုတွေဖြစ်စေတဲ့အဓိကတရားခံကမင်းပဲ ဆောင်ဟွန်းနား။ မင်းကြောင့် သူကိုယ်တိုင်ကျေနပ်စွာနဲ့ ကိုယ့်ဘေးမှာနေခဲ့တာ။ ထားလိုက်ပါတော့ အဲ့ဒါတွေ....အခု ကိုယ်လိုချင်တာ ဂျိတ်ခ် ကိုယ်နဲ့ပြန်လိုက်ခဲ့ဖို့ပဲ။ ဂျိတ်ခ်ကို မင်းပြောပေးရမယ်ဆောင်ဟွန်းနား "

" မပြောပေးနိုင်ဘူး hyung။ အရင်တုန်းက ဂျိတ်ခ်ကို ကာကွယ်ပေးနိုင်မဲ့ ခွန်အားမရှိခဲ့ပေမဲ့ အခုကတော့မတူတော့ဘူးhyung။ ဂျိတ်ခ်မဖြစ်ချင်တဲ့အရာတွေမှန်သမျှကို ကျွန်တော်က ကာကွယ်ပေးသွားမှာ "

" အိုကေလေ...အဲ့ဒါဆို ဂျိတ်ခ်အပေါ်ကိုပဲ ကိုယ်ရဲ့ နည်းလမ်းတွေ ထပ်ပြီး အသုံးပြုရတော့မှာပဲပေါ့"

heeseung hyungက အင်္ကျီအိပ်ကပ်ထဲကနေ ဓါတ်ပုံလို့ထင်ရတဲ့ဟာတွေကို စားပွဲပေါ်ကို ပြစ်ချလိုက်ပြီး ဆောင်ဟွန်းကို မေးငေါ့ပြတယ်။ ဆောင်ဟွန်းယူကြည့်လိုက်တော့ လွန်ခဲ့တဲ့တစ်ပတ်က ပွဲနေ့မှာ ဟိုလူ့ကို ဆောင်ဟွန်းက အပေါ်ကနေခွထိုင်ပြီး ထိုးနေတဲ့ ပုံတွေ.......

" မင်ဆူက အခုထိ ဆေးရုံမှာပဲရှိနေသေးတယ်။ အစကတော့ မင်းကို အမှုမဖွင့်ဖို့ ကိုယ်ပြောထားတာ။ ဒါပေမဲ့ အခုတော့ အခြေနေတွေကပြောင်းသွားပြီ "

နားထဲမှာပြန်ကြားယောင်လာတဲ့ အဲ့လူရဲ့အဖေ ဆောင်ဟွန်းတို့ရဲ့ ရှယ်ယာဝင်ဖြစ်တဲ့ အန်ကယ်ပြောခဲ့တဲ့ " heeseungမျက်နှာနဲ့ အခုကိစ္စကို ဘာမှမဖြစ်ခဲ့သလိုသဘောထားပေးမှာပေမဲ့ အန်ကယ့်သားအပေါ်လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် အန်ကယ် မင်းကို အရမ်းစိတ်ပျက်တယ် ဆောင်ဟွန်း " ဆိုတဲ့စကား။ အဲ့တုန်းတည်းက ဆောင်ဟွန်းစိတ်ထဲမှာ ထင့်နေခဲ့သေးတာ Heeseung hyungက ဘယ်လောက်ထိတောင် ခြယ်လှယ်နိုင်နေတာလဲလို့လေ။

Forever and Ever and AlwaysWhere stories live. Discover now