" အန်တီ ဂျိတ်ခ်ရှိလား ဟင် "
" ရှိတယ် သူ့အခန်းထဲမှာ။ နေ့လယ် ပြန်လာထဲက အခန်းထဲဝင်သွားပြီး ထွက်မလာဘူး။ ထမင်းလာစားဆိုလည်း မစားဘူး မင်းသူငယ်ချင်းက "
" ကျွန်တော် တက်သွားကြည့်လိုက်မယ် "
" အဲ့ဒါဆို မေမေ ထမင်းပြင်ပေးလိုက်မယ် ဂျိတ်ခ်စီ ယူသွားပေးပါလား "
" ဟုတ် "
ည 11နာရီခွဲနေပြီ ခုထိ ထမင်းမစားဘူးဆို၍ ဆောင်ဟွန်းမှာ စိုးရိမ်သွားရပြန်သည်။ ဂျိတ်ခ်မေမေ ပြင်ပေးလိုက်တဲ့ ထမင်းဗန်းလေးကို ယူလာကာ စိတ်ဆိုးသွားတဲ့ကောင်လေးကို ချော့ဖို့ရာ အားမွေးရင်း တက်လာခဲ့လိုက်သည်။ နေ့လယ်က ကိစ္စတွေကြောင့် စိတ်ရှုပ်သွားရတဲ့ဆောင်ဟွန်းက အလုပ်ကိစ္စတွေမှာလည်း အဆင်မပြေခဲ့တာကြောင့် ဆောင်ဟွန်းအတွက်တော့ ဒီနေ့လေးဟာ အနည်းငယ် ပင်ပန်းရတဲ့နေ့လေးတစ်နေ့အဖြစ်အပြီးသတ်သွားခဲ့ရတယ်။ အလုပ်ကလည်း နောက်ကျမှပြီးတော့ ပြီးပြီးချင်း အိမ်ကို မပြန်နိုင်သေးပဲနဲ့ တစ်နေကုန် ဆောင်ဟွန်းဆက်တဲ့ဖုန်းတွေကို မကိုင်တဲ့ ဂျိတ်ခ်စီကို မနေနိုင်ပဲ ရောက်လာခဲ့ခြင်းဖြစ်သည်။
" Jakey ငါ ဝင်လာခဲ့မယ်နော် "
တံခါးခေါက်ပြီး ဝင်ခွင့်တောင်းလည်း ခေါင်းမာတဲ့ကောင်လေးက ဖွင့်ပေးမှာမဟုတ်တာကို သိနေခဲ့ပြီး အခန်းထဲမှ လှုပ်ရှားသံတွေကို ကြားနေရတာကြောင့် ဒီတိုင်းပဲ အသံပေးပြီးဝင်သွားလိုက်သည်။ အခန်းထဲမှာ gameထိုင်ဆော့နေတဲ့ ဂျိတ်ခ်က ဆောင်ဟွန်းကို လှည့်မကြည့်လာခဲ့ပေ။
" Jakey "
" ပြန်တော့ "
" ငါ ပင်ပန်းလာတာမလို့ နှင်မထုတ်ပါနဲ့လား ဂျယ်ယွန်းနား "
တကယ်ကို နွမ်းလှနေတဲ့ သူ့အသံကြောင့်ထင်ပါရဲ့ တံခါးဝနားမှာ ထမင်းဗန်းလေးကိုင်ရင်းရပ်နေတဲ့ ဆောင်ဟွန်းစီကို လှည့်ကြည့်လာခဲ့သည်။
" ပင်ပန်းလာရင် အိမ်ပြန်တော့လေ "
" ဂျိတ်ခ် ကျေးဇူးပြုပြီး... စိတ်မဆိုးပါနဲ့တော့ "
![](https://img.wattpad.com/cover/364069261-288-k243863.jpg)