10

333 44 14
                                    

8နှစ်ကြာပြီးနောက်

ဂျုံဆောင်းပြောခဲ့တဲ့ စကားဟာ တကယ်ကို မှန်နေခဲ့တယ်။ ဘွဲ့ရရင်ပြန်လာမယ်ဆိုတဲ့ ဂျိတ်ခ်ဟာ ကျောင်းပြီးတာနဲ့ အဲ့မှာ heeseung hyung ဖွင့်ထားတဲ့ companyမှာ အလုပ်ဝင်ရမည်ဖြစ်တာကြောင့် ပြန်မလာဖြစ်သေးဘူးဟူသော စကားကို ပြောလာတဲ့ညလေးက ဆောင်ဟွန်းရဲ့ မျှော်လင့်ချက်တွေသေဆုံးသွားခဲ့တဲ့ ညလေးတစ်ညဖြစ်ခဲ့တယ်။ ဆောင်ဟွန်းဟာ တခါတလေ အလုပ်ကိစ္စနဲ့ အရက်အနည်းငယ်သောက်လာခဲ့တဲ့ ညတွေဆိုလျှင် ဂျိတ်ခ်စီကို phခေါ်ဆိုပြီး အဲ့စကားကို အဆုံးအစမရှိမေးတတ်လာသည်။ "မင်း heeseung hyungကို ချစ်လား? " ဆိုတဲ့ စကားကိုမေးတိုင်း " ဒီလိုပါပဲ " လို့ပဲ ဖြေတတ်တဲ့ ဂျိတ်ခ်ရဲ့အဖြေက အရင်ကတော့ မသေချာခဲ့ပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ heeseung hyungရဲ့ ရင်ခွင်ထဲကနေ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ထွက်မလာခဲ့တဲ့ ဂျိတ်ခ်ဟာ တကယ်ပဲ heeseung hyungကို ချစ်နေမိတာကြောင့်လားဆိုပြီး တွေးတတ်လာခဲ့တယ်။ ဂျုံဆောင်းပြောသလို နောက်ဆုံးမှာ တစ်ယောက်တည်းဖြစ်ကျန်ခဲ့တဲ့သူက ပတ်ဆောင်ဟွန်းဆိုတဲ့ သူဖြစ်နေခဲ့တယ်။ တဖြည်းဖြည်း ယိုင်နဲ့လာတဲ့ ဂျိတ်ခ်အပေါ်ထားမိတဲ့ ဆောင်ဟွန်းရဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်အစီအစဥ်တွေ အားလုံးဟာ တစ်နေ့ထက်တစ်နေ့ ယိုင်နဲ့လာနေခဲ့ပြီဖြစ်သည်။

စီးပွားရေးဆန်တဲ့ ဆောင်ဟွန်းရဲ့အမြင်နဲ့ ခေတ်ကိုကြိုမြင်တဲ့ ဂျုံဆောင်းရဲ့ အရည်အချင်းတို့ကြောင့် 5နှစ်အတွင်း ပြည်ပထိပါ နာမည်ရလာခဲ့သည်။ companyအသေးလေးကနေစခဲ့တာ အခုဆို အတော်ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပြီး ရှယ်ယာအများဆုံးပါတဲ့ ဂျုံဆောင်းက ceo ဖြစ်လာခဲ့ကာ ဆောင်ဟွန်းကတော့ co-ceoဖြစ်လာခဲ့သည်။ ဂျိတ်ခ်ကို လွမ်းတဲ့စိတ်တွေဖြစ်တိုင်း အလုပ်တွေကို ပိုကြိုးစားလို့ သူ့ရဲ့အချစ်တွေကို အလုပ်တွေနဲ့ ဖိနှိပ်ထားခဲ့တယ်။ လုပ်ငန်းရှင်ပါတနာတွေက ဆောင်ဟွန်းကို ချစ်သူမရှာဘူးလား ဟုမေးလာတိုင်း အပြုံးလေးနဲ့သာ တုံ့ပြန်တတ်တာကြောင့် အချစ်ဦးကိုမေ့မရသေးလို့မလားဟု စနောက်လေ့ရှိကြသည်။ သူတို့ သမီးတွေနဲ့ သဘောတူသည်ဟု ပေါ်တင်ကမ်းလှမ်းလာခြင်းတွေကိုလည်း ဆောင်ဟွန်းဟာ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားပဲ အငြင်းစကားတွေကိုသာ ဆိုခဲ့တယ်။အစက ဂျုံဆောင်းကတော့ ဆောင်ဟွန်းကို လိမ်ပြီး သူသဘောကျတဲ့သူတွေနဲ့ ဆောင်ဟွန်းကို dateပေးတာမျိုးတွေလုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဆောင်ဟွန်းက အဲ့လူတွေကို ငြင်းပြစ်ခဲ့တာပဲ။ နောက်ဆုံး မျက်နှာပျက်ရပါများလာတော့ သူလည်း ဆောင်ဟွန်းကို လက်လျော့လိုက်တော့တယ်။ တခါတလေ ဆောင်ဟွန်းကို အမြင်မကြည်တဲ့အခါမျိုးတွေမှာဆိုရင်တော့ ဂျိတ်ခ်က သူ့ချစ်သူနဲ့ ပျော်ရွှင်နေမှာဖြစ်ကြောင်းတွေကို တမင်ပြောပြီး နှိပ်စက်လေ့ရှိသည်။ ဆောင်ဟွန်းရဲ့ ပျော့ကွက်ဟာ ရှင်းဂျိတ်ခ်ဆိုတဲ့ လူသားတစ်ယောက်တည်းသာ ဖြစ်ကြောင်း ဂျုံဆောင်းက သေချာသိတာမလို့လေ။



Forever and Ever and AlwaysWhere stories live. Discover now