4

271 41 4
                                    

ဒီနေ့ ပိတ်ရက်လေ့ကျင့်ရေးရှိတာကြောင့် စကိတ်ကွင်းကို ဆောင်ဟွန်းရောက်နေသည်။နည်းပြက ခဏနားချိန်ပေးမှ phကို သွားယူ၍ ကြည့်မိရာ ဂျိတ်ခ်စီက ခေါ်ထားတဲ့ missed callပေါင်းများစွာကိုတွေ့ရသည်။ ဆောင်ဟွန်းမှာ ဘာများဖြစ်ပြန်ပါပြီလဲဟူ၍ အလန့်တကြားဖြစ်ရတော့သည်။ ဂျိတ်ခ်စီကို ပြန်လည်ခေါ်ဆိုလိုက်တော့

"ဆောင်ဟွန်းနီး စကိတ်ကွင်းမှာမလား"

"Omm"

"ငါ ကွင်းရှေ့တောင်ရောက်နေပြီ မင်း ဘယ်ချိန်ပြီးမှာလဲ?"

"နောက်တစ်နာရီလောက် လေ့ကျင့်ရဦးမယ်"

"အဲ့ဒါဆို ငါစောင့်နေမယ်"

"အထဲဝင်လာခဲ့နော်...အပြင်မှာတစ်ယောက်တည်းမစောင့်နဲ့"

"ငါသိပါတယ်"

လေ့ကျင့်ရေးပြန်စဖို့ ရေခဲပြင်ပေါ် ပြန်အတက်မှာပဲ သူတို့ရုံထဲကို ဝင်လာတဲ့ အမည်းရောင်ခွေးလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။ Hoodieအမည်းရောင် ဘောင်းဘီအမည်းရောင်နဲ့ ဖိနပ်ကပါအမည်းအပြင် ဂျိတ်ခ်ရဲ့ မရှိမဖြစ်အကြိုက်ဆုံးဖြစ်တဲ့ ဦးထုတ်ကပါအမည်းနဲ့ တစ်ကိုယ်လုံးအမည်းတွေလွှမ်းခြုံထားပြီး လက်ထဲမှာလည်း မုန့်ထုတ်လေးတွေကပါသေးသည်။ အစကတော့ ဆောင်ဟွန်းအတွက်ဝယ်လာတာနေမှာလို့ထင်လိုက်ပေမဲ့ စကိတ်စီးနေရင်း ဂျိတ်ခ်ရှိရာစီ ခိုးကြည့်မိတော့ မုန့်တွေဖောက်စားရင်း ဆောင်ဟွန်းတို့ လေ့ကျင့်နေတာကို အေးဆေးထိုင်ကြည့်နေပါရဲ့လေ။ သြော် သူ လာရင် ထိုင်စောင့်နေရမှာကို ကြိုသိလို့ အဆာပြေစားဖို့ဝယ်လာတဲ့ အလည်လေးရယ်ပါ သူ့သူငယ်ချင်းလေးက။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ အကျင့်စရိုက်လေးတွေရှိတဲ့အတွက်လည်း ဆောင်ဟွန်းက ဂျိတ်ခ်ကို ဖူးဖူးမှုတ်ချစ်ရသည်။လေ့လာလိုမျိုးဆိုပြီး လျာထုတ်ပြီး ခွေးလေးတွေပုံစံလုပ်ပြလေ့ရှိတာမလို့ ဆောင်ဟွန်းက မင်းနဲ့လေ့လာ တကယ်တူလာပြီဟု စတော့လည်း သဘောကျစွာနဲ့ အားရပါးရ ရယ်တတ်သေးတယ်။ ပြိုင်ပွဲနေ့တွေဆိုရင်လည်း ဂျိတ်ခ်ကနေမကောင်းဖြစ်နေရင်တောင်မှ ဆောင်ဟွန်းကို လာအားပေးတတ်သည်။ မလာပါနဲ့ပြောရင်လည်း မရပေ။ သူမရှိနေရင် ဆောင်ဟွန်းက ကြောက်ပြီးစိတ်လှုပ်ရှားနေမှာ ဆိုတဲ့ အကြောင်းပြချက်လေးပေးတော့လည်း ဆောင်ဟွန်းမှာဘာမှပြန်မပြောနိုင်ခဲ့ပေ။ မှန်နေတာမလို့လေ ဆောင်ဟွန်းရဲ့ ကြောက်စိတ်တွေက ဂျိတ်ခ်ရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တယ်ဆိုရင်ပဲ ထူးဆန်းစွာနဲ့ ပျောက်ကွယ်သွားတတ်တယ်။ အဲ့လိုအစွမ်းလေးတွေနဲ့ မွေးဖွားလာတဲ့ ကောင်လေးကို ဆောင်ဟွန်းစီ ရောက်အောင်ပို့ပေးတဲ့ ကံကြမ္မာကြီးကိုလည်း တကယ်ပါ ကျေးဇူးတင်ရပါတယ်။

Forever and Ever and AlwaysWhere stories live. Discover now