Chapter 1

14.2K 286 22
                                    

I will love even to death - 1

အရိပ် ကိုယ်ဝန်ရှိနေပြီဆိုသည့် စကားကိုကြားလိုက်ရသည့်အချိန် ရန်ခ ရဲ့ကမ္ဘာစတင် ပျက်သည့်အလား

အရိပ် ကအခုမှ မင်းမြတ်ဆီကစွန့်ပစ်ခံခဲ့တာ အခု ကိုယ်ဝန်တဲ့လား၊ ကံကြမ္မာကြီးဟာအတော်လေး ရက်စက်လွန်းလှသည်။ဒီအားနည်းသည့် သူကိုမှ အဆိုးဆုံးအရာတွေချည့်သာဖန်တီးပေးနေတာ

သေချာစစ်ဆေးတိုင်ပင်ပြီးသည့်အခါ ကိုယ်ဝန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။အရိပ် ကို အိမ်သို့ပြန်ခေါ်လာပြီး အရိပ် ကသူ့အခန်းထဲမှာ ပိတ်လှောင်နေခဲ့သည်။ရန်ခ အရူးမီးဝိုင်းဖြစ်ရပြန်သည်။ခြံထဲဆင်းကာ ပန်းပင်တွေကြားပုန်းအောင်းမိကာ ဆေးလိပ်ရှိုက်ဖွာနေလျှက် အရိပ် ကို သူဘယ်လို တာဝန်ယူပေးရမလဲ အရိပ် ကို သူဘယ်လိုဖျောင့်ဖျသင့်လဲဆိုတာကိုတောင်မသိတော့ပါ။

မင်းမြတ်က ဝဏ္ဏ နဲ့တရားဝင်တွဲနေပြီ သူဘာလုပ်ရမလဲ ဘာကိုင်ရမလဲဆိုတာ စဥ်းစားလို့ကိုမရတော့ပေ။

"သား....."

"အိုမား.... ရွှတ်.... အိုမား သားဘာလုပ်ရမလဲ သားဘာလုပ်သင့်လဲဟင် သား အရိပ် အခုနာကျင်နေတာကို .... သားမကြည့်နိုင်ဘူး သားကိုယ်တိုင်လည်းရူးတော့မယ်ထင်တယ်"

ဒေါ်ဂျူး သားရဲ့ခေါင်းကိုဖွဖွလေးပုတ်ပေးရင်း အဝေးသို့ငေးကြည့်လို့နေသည်။လွမ်းရိပ် ဆိုတဲ့ကလေးဟာ သူမရင်ခွင်ထဲမှာပဲကြီးပြင်းလာခဲ့တာ ကိုယ်တိုင်မမွေးခဲ့ နို့ချိုမတိုက်ကျွေးခဲ့ပေမဲ့ မေတ္တာအစစ်အမှန်ဖြင့် ပျိုးထောင်ပေးခဲ့တာ

အခုလိုအခြေအနေမျိုးရောက်လာသည့်အခါလည်း သူမကိုယ်တိုင် နည်းမျိုးစုံဖြင့်စဥ်းစားကာ ကာကွယ်ဖို့နည်းလမ်းကို အသည်းအသန်ရှာရပြန်သည်။

"သား....လွမ်းရိပ်လေးကိုလက်ထပ်ချင်လား"

"ဗျာ...."

"လွမ်းရိပ် လေးရဲ့ ကိုယ်ဝန်ကတဖြည်းဖြည်း ကြီးထွားလာမှာ ဒီလိုဆိုရင် အိမ်ထောင်မရှိဘဲ အခုလိုဖြစ်ရလားဆိုပြီး ပတ်ဝန်းကျင်က လက်ညှိုးဝိုင်းထိုးကြလိမ့်မယ် အဲ့အချိန်ကျစိတ်ဒဏ်ရာတွေ ထပ်ရမှာကော သားရော အိုမားရော မလိုချင်ကြဘူးမဟုတ်လား"

I Will Love Even To Dead(Complete)Where stories live. Discover now