I will love even to death - Extra
ပုန်းကွယ်နေသည့် ရန်ခ အား ထိုနေရာမှ ဆွဲထုတ်ကာ ရန်ခ ရဲ့ပုခုံးနှစ်ဖက်ကို အောက်သို့ဆွဲချပြီး ခြေဖျားလေးထောက်ကာ နှုတ်ခမ်းနှစ်လွှာအား နစ်ဝင်နေအောင် စုပ်ယူနမ်းရှိုက်ပစ်လိုက်ပါသည်။နှုတ်ခမ်းတစ်လွှာချင်းစီအားနမ်းစုပ်နေရင်း တုံ့ပြန်မှု မရှိသည့်အနမ်းတွေကိုခေတ္တ ရပ်စိုင်းကာ နဖူးချင်း ထိတို့ရင်း
"နမ်း ငါ့ကိုနမ်း ရန်ခ..."
"အပြင်ကြီးမှာ မဟုတ်လား"
"ဖြစ်နိုင်ရင် ငါတို့ရဲ့မင်္ဂလာဦးညကို ဒီနေရာမှာပဲဖြတ်သန်းချင်နေပြီ"
လွမ်းရိပ် ပြောလိုက်သည့်စကားကြောင့် ရှက်ရွံ့သွားမိသူဟာ ရန်ခ ဖြစ်သည်။ရန်ခ အသံထွက်အောင်ရယ်ရင်းဖြင့် လွမ်းရိပ် ကိုယ်လုံးလေးအားပွေ့ချီရင်း ဆိုင်ကယ်ပေါ်တင်လိုက်၏။သူတို့နှစ်ယောက်သား အိမ်သို့အလျှင်အမြန်ရောက်နေသည့်စိတ်ဟာထိန်းချုပ်မရ ဖြစ်နေလျှက်ပင်
"ခဏစောင့်နေခဲ့"
ရန်ခ က 24 hrs store ကိုဝင်ပြီး ခဏအကြာ အိတ်တစ်လုံးနဲ့ပြန်ထွက်လာသည်။ပြီးသည့်အခါ နှစ်ယောက်သား အိမ်သို့ပြန်ရောက်လာပြီးနောက် သားကို အိုမားနဲ့ထားပစ်ခဲ့လိုက်တော့သည်။
နှစ်ေယာက်သား စိတ်အားထက်သန်စွာဖြင့် အခန်းထဲသို့ရောက်လာသည့်အခါ တစ်ယောက်မျက်နှာ တစ်ယောက် စေ့စေ့ကြည့်ဖို့တောင် ရှက်နေမိပြန်သည်။
"......"
"မင်း ဘာတွေဝယ်လာတာလဲ"
"ဟမ်.... အာ ကွန်ဒုံး ဂျယ်နဲ့ လိုအက်မယ်ထင်တာတွေ"
"ဆေးကဘာဆေးတွေလဲ"
"Painkillers တွေ ပြီးတော့လိမ်းဆေး ဒါက ကာကွယ်ဆေး ဒါက မသိတော့ဘူး စာရင်းလုပ်ထားတဲ့ ဟာတွေအကုန်ဝယ်လာပစ်လိုက်တာ "
"စာရင်း..?"
"အား...ငါ နှာဘူးကျတာတော့မဟုတ်ပေမဲ့ ဒီအတိုင်း ကျန်းမာရေးအရ လိုက်ကြည့်ဖြစ်ခဲ့တာ safe ဖြစ်အောင်လို့"
ရန်ခ က ကုတင်ပေါ်က သူပြထားသည့်ဆေးတွေ ဂျယ်တွေနဲ့ ကွန်ဒုံးဘူးတွေကို အိတ်ထဲပြန်ကောက်ထည့်နေသည်။ဆေးတွေအပြင် ကွန်ဒုံးဘူးကိုပါ ပြန်သိမ်းနေတာကြောင့် ရန်ခ ရဲ့လက်ကောက်ဝတ်ကို ဆွဲကာ သူ့လက်ထဲက ကွန်ဒုံးဘူးကို လွမ်းရိပ် ယူလိုက်၏။
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"