Extra (2)

4.6K 139 11
                                    

I will love even to death – Extra 2

လွမ်းရိပ် တစ်ညလုံး သူ့ရဲ့ကြမ်းတမ်းမှု‌ေအာက်မှာ  ရှိနေခဲ့ပြီးနောက် မနက်ကနေမှ ည ၊ ည ကနေမှ မနက်ထိတိုင် အိပ်ပျော်သွားခဲ့ရပါသည်။

နောက်နေ့မနက်စာစားတော့ မူကြိုသို့သွားဖို့ အဆင်သင့်ဖြစ်နေသည့် သားနှင့် မနက်စာ ပြင်ဆင်နေသည့် အိုမား ကိုတွေ့ရသည်။ဘေးမှာ ရန်ခ က ဝင်ထိုင်ရင်း

“မောနင်း အိုမား…”

“မောနင်း…”

“ပါးပါး….”

“ဗျာ…”

“ပါးပါးနေကောင်းသွားပြီလား”

“ဟုတ်ကဲ့ ကောင်းသွားပါပြီ”

မနေ့ကတစ်နေကုန် လွမ်းရိပ် အိပ်မိသွားတော့ ရန်ခ က နေမကောင်းဘူးဟုပြောထားပုံရသည်။သားက လွမ်းရိပ် ကိုမြင်တာနဲ့ ချက်ချင်းတန်းမေးလေသည်။အိုမားက မနက်စာပြင်ပြီးသည်နှင့် စားပွဲ မှာဝင်ထိုင်ကာသူတို့တွေမနကိစာ အတူစားလျှက်

“ရန်ခ ဟိုတစ်ခေါက်ကပြောထားတဲ့ကိစ္စ အဆင်ပြေလား”

“ဘာလဲအိုမား”

“မနက်ဖြန် ညနေ ကျရင် မွေးရပ်မြေကို ပြန်မဲ့ကိစ္စလေ အိုမား သားကိုလည်းပြောထားပါသေးတယ်”

လွမ်းရိပ် လည်း နည်းနည်းလောက်ပြန်စဥ်းစားရင်းခေါင်းထဲပေါ်လာသည်။အိုမားအရင်တစ်ခေါက်ကပြောတုန်းက လိုက်ခဲ့မှာ ဟုပြောထားတာ ဒါပေမဲ့ ကြာတော့မေ့သွားသလို အိုမားကလည်း တစ်ရက်အလိုမှ ထပ်သတိပေးလေ၏။

ရန်ခ က လကုန်ရက်နည်းရင် အတော်ကိုမအားတာ ဖြစ်သလို အခုနောက်ပိုင်း အလုပ်တွေက ပိုပြီးရှုပ်လာတာ ဖြစ်သည်။ထို့ကြောင့်

“အိုမား သားတော့မလိုက်ဖြစ်လောက်ဘူး …. ဘယ်လိုလုပ်ရမလဲ”

“သား လိုက်မှာ ဖွားဖွား…”

သားက မနက်စာစားနေရင်း သူ့အဖွားကို လိုက်မည်ဖြစ်ကြောင်းပြော၏။ရန်ခ မအားလို့မလိုက်ဘူးဆို လွမ်းရိပ် ကလည်းလိုက်လို့မဖြစ်ပါ ရန်ခ တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ဖို့မှအဆင်မပြေတာ

သားက အိုမားနဲ့အတူ မွေးရပ်မြေကို တစ်ပတ်နည်းပါး လိုက်လည်မှာမလို့ လွမ်းရိပ် နဲ့ ရန်ခ က မပြန်ခင် သားအတွက် လိုအပ်သည်များကို ဝယ်ယူဖို့နဲ့ အိုမားအတွက် ဆေးဝါး အစရှိသည်များကို ထည့်ပေးရန် Super mall သို့ မိသားစုသုံးယောက် အတူထွက်လာကြပါသည်။ ကားနဲ့ မို့ ဘေးဘက်မှာ ရန်ခ ပေါင်ပေါ်မှာ သားက ထိုင်နေရင် ရန်ခ နဲ့ အတူRub Cube ကစားနေ၏။လွမ်းရိပ် ကိုယ်တိုင် ကားမောင်းပြီး Super mall သို့ရောက်လာတော့သည်။ကားပါကင် ထိုးပြီးသည့်အခါ ရန်ခ ကသားကို ဦးထုပ်က အစ ဖိနပ်အဆုံး ပြင်ဆင်ဝတ်ပေးပြီး ကားပေါ်က နေချပေးကာ သူတို့မိသားစု သုံးယောက်လုံး Mall ထဲသို့ဝင်လာကြ၏။

I Will Love Even To Dead(Complete)Where stories live. Discover now