I will love even to death – Extra 5
ပြောချင်ရာပြောပြီးမှ လွမ်းရိပ် နောင်တရမိသွား၏။အလုပ်ကိစ္စနဲ့သွားတာကိုတမင်တကာ စိတ်ညစ်စရာကောင်းပြနေတာ ။သူ့ရဲ့ အကျင့်ကတဖြည်းဖြည်း ဆိုးတဲ့ဘက်သို့သွားကာ Toxic ဆန်နေပြီလားဟု တွေးမိသည့်အခါ လွမ်းရိပ် ခေါင်းငိုက်စိုက်ကျသွားသည်။
“Sorry…. ငါ ဆိုင်သွားတော့မယ် ရန်ခ….”
လွမ်းရိပ် လှည့်ထွက်သွားသည့်အခါ လွမ်းရိပ် ရဲ့လက်ကောက်ဝတ်ကို ဖမ်းကိုင်ပြီး သူ့ရင်ခွင်ထဲသို့ရောက်အောင် ပြန်ဆွဲခေါ်ပြန်သည်။
“ဘာ…ဘာလဲ”
“မင်းနဲ့ငါနဲ့ကဘာလဲ အရိပ်…”
“ဟင်..”
“မင်းနဲ့ငါနဲ့က ဘာတွေလဲ …”
ရန်ခ ကဘာကိုမေးချင်လဲဆိုတာ လွမ်းရိပ် မသိတာကြောင့် အသံတိတ်နေမိသည်။ငုံ့ထားသည့်ခေါင်းကို လွမ်းရိပ် ကပါးနှစ်ဖက်ကနေ ပြီးကိုင်ကာယဆွဲမော့လျှက်
“မင်းနဲ့ငါနဲ့က လက်ထပ်ထားတဲ့သူတွေ အိမ်ထောင်သည်တွေလေ …. မင်းကငါ့အပိုင်ဖြစ်သလို ငါကလည်းမင်းအပိုင်ပဲ အရိပ် မင်းငါ့ကိုသဝန်တိုလို့ရတာပေါ့ ငါကမင်းရဲ့အပိုင်လေ…. မင်းရဲ့အပိုင်ကို သူများလုသွားမှာကိုတော့စိုးရိမ်စရာမလိုဘူး ကြောက်စရာမလိုဘူး ….. မင်းကသဝန်တိုတဲ့အခါ မင်းငါ့ကို ပိုယုံအောင် ပိုပြီး စိတ်အေးရအောင် ငါကမင်းကိုတိုးချစ်မှာပေါ့ အရိပ် ရဲ့”
“အရမ်းအပြောကောင်းတယ် “
“ကဲ အဝတ်အစားတွေချွတ်”
လွမ်းရိပ် ရဲ့အဝတ်အစားကိုပြန်ချွတ်ဆိုပြီး အင်္ကျီကြယ်သီးအား ဖြုတ်ပြန်သည်။
“ဘာလဲ….ဘာလုပ်တာလဲ ရန်ခ….”
“လိုက်ခဲ့လေ အသက်ရယ် “
“ဘယ်ကိုလဲ…..”
“စက်ရုံဆောက်မဲ့ မြေနေရာသွားကြည့်ပြီး စစ်မှာလေ အသက်နဲ့ငါ ဆိုင်ကယ်နဲ့သွားကြမယ် ငါလည်း အင်္ကျီလဲ လိုက်မယ်”
“……”
လွမ်းရိပ် ကို အဝတ်အစားအသစ်တွေထုတ်ပေးလာကာ သူလည်း Formal suit အစား အခြားတစ်ထည်ကို ထုတ်လာ၏။ဒီလိုကျတော့လည်းမဟုတ်ပေ အလုပ်ကိစ္စသွားမှာ ကိုယ့်ယောက်ျားကသားသားနားနားဖြစ်နေမှ ရမှာပေါ့ ထပ်ပြီး ကိုယိကအလုပ်ကအစ အမြဲ တစ်ပူးပူး တစ်တွဲတွဲဆို အဆင်ပြေမှာ မဟုတ်ဘူးမလား
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"