I will love even to death – Extra 8စက်ရုံဆောက်လုပ်နေစဥ်အတွင်း ရန်ခ ဝယ်ယူထားသည့် ရှယ်ယာများမှာ အမြတ်ငွေတွေဟာ အဆမတန် ရရှိလာပြန်သည်။ဝင်ငွေများလာသည့်အခါ အဆောက်အအုံ တစ်ခုကို လွမ်းရိပ် နှင့်တိုင်ပင်ကာဝယ်ယူလိုက်၏။ ကွန်ဒို တိုက်ခန်းတွေကို နှစ်ချုပ်ဖြင့်ငှားရမ်းသည့် လုပ်ငန်းကိုစတင်၏။တစ်လ ချင်းမှ တစ်ဆင့်ချင်း ဝင်ငွေတိုးပွားလာပြီး ငွေကို အလေအလွင့်မရှိစေရန် ထိန်းချုပ်ရင်း စီးပွားရေးကိုသာ ဦးစားပေးခဲ့သည်။တစ်ချိို့ပိုက်ဆံတွေကိုရှယ်ယာတွေဝယ်ပြီးငွေရင်းနှီး၏။ရန်ခ အတွက် ရုံးခန်းတစ်ခု ဖွင့်လှစ်ရင်း စက်ရုံအသေးလေးမှာ စာရင်းဇ ယားတွေအတွက် စာရင်းပိုင်း ဝန်ထမ်းတွေ Merkrting ပိုင်းဝန်ထမ်းတွေနှင့် ဆိုင်ခွဲပေါင်းများစွာကို ငါးလအတွင်း ထပ်မံတိုးချဲ့လိုက်ပြန်သည်။
“အစ်ကိုလွမ်းရိပ် ….. ဒီစာရွက်က menu အသစ်အတွက်လား”
“ဟုတ်တယ် မိုးရှင်း…. အဆင်ပြေလောက်လား”
လွမ်းရိပ် ပြုစုထားသည့် desert Menu များကို ကြည့်ကာ မိုးရှင်း ကပြုံးလာ၏။
“အစ်ကို ကျွန်တော် တစ်ခုလောက်မေးလို့ရလား”
“မေးလေ …. အဆင်မပြေတာရှိရက်လည်း ငါ့ကိုပြော ….”
“Menu မဟုတ်ဘူး အစ်ကို….. ဒီအတိုင်း အစ်ကို့ ကိုမေးချင်တာ”
“အင်း…ဘာလဲ …. ပေါက်ကရတွေဆို ရန်ခ ပြန်လာရင်တိုင်ပြောမှာ”
လွမ်းရိပ် ပြောတော့ ခေါင်းလေးတခါခါဖြင့်ရယ်သည်။
“အစ်ကို က menu တွေပြင်ဆင်လိုက်ပြုစုလိုက် တစ်ဖက်ကအစ်ကိုရန်ခ ဆိုရင်လည်း စက်ရုံတွေ ကုမ္ပဏီ တွေအထိ တိုးချဲ့လိုက်နဲ့ ဘာလို့ အဲ့လောက်တောင် အတွဲညီသွားရတာလဲ ၊ အိမ်ထောင်သည်တွေလည်းဖြစ်ပြီး အစ်ကိုရန်ခ ဆို အလုပ်မှာလည်းမအားမလပ်နဲ့ တစ်စက္ကန့်လေးနားချိန်ရှိရင် အစ်ကို့ ကို တစ်စက္ကန့်လောက်ကြူးတယ် အစ်ကို ကလည်း သည်းသည်းလှုပ်ချစ်တယ် အချစ်လည်းခံရတယ်”
“မိုးရှင်း….”
“မနာလိုဘူးလေ အစ်ကို…. မနာလိုဘူး ဘယ်ဘုရားဆီမှာ ဘယ်လိုဆုတောင်းမှုမျိိုးတွေ လုပ်ခဲ့တာလဲ …. အား….. ကျွန်တော်တကယ်သိချင်တယ်လို့”
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"