Chapter 3

4.4K 189 9
                                    

I will love even to death - 3

တွေးလေ ငေးလေ ဆွေးလေ ဆိုတဲ့စကားကသိပ်မှန်၏။ကိုယ်ဝန်ကိစ္စကြောင့် မိသားစုတစ်ခုလုံးလည်း ဖရိုဖရဲ စိတ်ခံစားချက်တွေနှင့်ပြည့်နှက်နေသည်။ထို့အပြင် လွမ်းရိပ် ကိုယ်တိုင်ကကိုယ်ဘာကို ရွေးချယ်သင့်လဲဆိုတာကိုတောင် ကိုယ်မသိဘူးဖြစ်နေခဲ့ပြန်သည်။

မင်းမြတ်နဲ့ အတူရှိခဲ့စဥ်ကအတုအယောင်တွေဆိုတာကို မသိပါဘဲ ပျော်ရွင်နေခဲ့မိ၏။ အရာရာသည်းခံပြီး မျက်စိမှိတ် ယုံကြည်နေခဲ့တာတောင် နောက်ဆုံးရွေးချယ်မှုဟာ ကိုယိမဖြစ်ခဲ့ဘူး။ နှလုံးသားတစ်ခုလုံးပေးခဲ့တာတောင် အသုံးချခဲ့သူမို့ စိတ်နာကျဥ်းမိသည်။ထိုသို့လုပ်ရက်နိုင်လေသလားဟု ဒေါသထွက်မိပါသည်။

အရာရာကို ကိုယ်တိုင်ဆုံးဖြတ်ပြီးကျောခိုင်းခဲ့ပြီးမှ ကိုယ်ဝန်တဲ့လား...
မင်းမချစ်တဲ့လူဆီကနေ ဒီကလေးကိုမင်းလိုချင်ပါ့မလား မင်းမြတ်. ... အခုရော မင်းချစ်တဲ့သူနဲ့မင်းပျော်နေပြီလား

မင်းအမြဲငေးကြည့်နေတဲ့သူက မင်းရင်ခွင်ထဲရောက်နေပြီမလို့ မင်းကျေနပ်နေလောက်ပြီလား ငါကတော့ အရူးတစ်ပိုင်းပဲ စွန့်ပစ်ခံရသလို ချောင်ထိုးခံခဲ့ရတဲ့ငါက မိုက်ရူးရဲဆန်မှုနဲ့အတူ မင်းနဲ့ ငါ့ရဲ့သွေးသားလေးကို လက်မလွှတ်နိုင်ခဲ့ဘူး မင်းကိုအကြိမ်ကြိမ်မုန်းတီးပစ်ချင်ပေမဲ့ မင်းက ငါ့နှလုံးသားထဲအနက်ရှိုင်းဆုံးနေရာထိ နစ်မြုပ် နေတဲ့ဆူးတစ်ချောင်းပဲ မင်းမြတ် . ..... မင်းကရိုးရိုးဆူးမဟုတ်ဘူး အဆိပ်ဆူးပဲ ငါ့တစ်ဘဝလုံးကို ပျက်ယွင်းစေတဲ့အဆိပ်ပဲ မင်းမြတ်

မင်းလုပ်ရက်လိုက်တာ မင်းရက်စက်လိုက်တာ ကလွဲရင် ငါဘာမှမပြောနိုင်တော့ဘူး ငါမင်းကိုမေ့ပစ်ချင်လှပြီ မင်းမြတ်......

လွမ်းရိပ် မျက်ရည်များကို ပွတ်သုတ်ရင်းမှ
ပန်းပွင့်များကို ငေးကြည့်ပြန်သည်။ပန်းလေးတွေတောင် ဖူးပွင့်ပြီးတဲ့အခါ ကြွေကြရတာပဲနော် မကြွေခင်အလှပဆုံးဖူးပွင့်နိုင်ခဲ့ကြတာကို ငါကတော့ ...... ပန်းလေးတွေလောက်တောင် ကံမကောင်းပုံပဲ

လွမ်းရိပ် ခြေထောက်တွေကျင်လာသည်ကြောင့် ခက်ခဲခဲမတ်တပ်ထရပ်လိုက်သည်။အိမ်ရှေ့မြင်ကွင်းကိုကြည့်မိတော့ လူတစ်ယောက်ရှိနေသည်ဟုခံစားရတာမလို့ ခြံရှေ့ထွက်ကြည့်မိသည်။ခြံရှေ့မှ တိုင်ကိုမှီထိုင်နေပြီး
ငိုနေသည့်သူကိုတွေ့သည့်အခါ လွမ်းရိပ် ထိုလူ့အရှေ့ ထိုင်ချမိရင်း

I Will Love Even To Dead(Complete)Where stories live. Discover now