I will love even to death – Extra 12
သီရိ နဲ့ တွေ့ပြီးပြန်လာတော့ သူမက Line acc ကိုရအောင်ယူသွားသည်။မနက်ဖြန်ဆို စက်ရုံမှာ ထားမဲ့ စက်တွေရောက်လာတော့မှာ ရန်ခ နဲ့သူမ က အလုပ်ကိစ္စတွေအပြန်အလှန်ဆွေးနွေးကြရဦးမှာဖြစ်တာကြောင့်လည်း ရန်ခ ပေးလိုက်တာဖြစ်သည်။အိမ်သို့ပြန်ရောက်လာတော့တော့ သားက ခြံထဲမှာတစ်ယောက်ထဲဆော့နေ၏။ရန်ခ သားကိုမြင်သည်နှင့် ကာပါကင်အမြန်ထိုးရင်း ပစ္စည်းတွေအား ကိုမျိုး ကို ယူခိုင်းပြီးအခန်းထဲသို့သယ်သွာခိုင်းလိုပ်သည်။သားဆီပြေးသွားပြီး ဘောလုံးကို သားဘက်သို့တစ်ချက်ပြန်ကန်လိုက်တော့ သားက သူ့ကို မျက်နှာငယ်လေးဖြင့်မော့ကြည့်လာ၏။ပုံမှန်ဆို သားကအမြဲ ပြုံးရွှင်ပြီး သူ့ကိုတွေ့သည်နှင့် ပြေးတတ်သည်မဟုတ်လား
သားအနားသို့ သွားကာ သားကိုပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းကြီးအား မွှေကြူလိုက်၏။
“ငါ့သားက မျက်နှာလည်မကောင်းပါလား…. ဘာဖြစ်လို့လဲကွ…”
“ပါးပါးက သားကိုဆူတယ်”
“ပါးပါးကတော့ကွာ ငါ့သားလေးကိုဆူပြန်ပြီနော် ….”
ရန်ခ သားကိုဒန်းပေါ်သို့ ခေါ်လာပြီးပေါင်ပေါ်မှာသာ ထိုင်ခိုင်းပြီး သားခါးလေးကိုပွေ့ဖက်ထားပြီး
“ပါးပါးက သားကိုဘာလို့ဆူတာလဲ”
“ပါးပါးက… ဖေဖေ့ ရုံးကပြန်လာတော့ သားကိုဆူတယ် …..”
“ပါးပါးနဲ့သားက ဖေဖေ့ရုံးကို လာသေးတယ်ပေါ့…”
“ကဲ့….”
ရုံးကိုလာတယ်ဆိုပြီး ရန်ခ တောင်မသိရပါလား အရင်က ရုံးကိုလိုက်လာလဲ သားအဖနှစ်ယောက် ရုံးခန်းထဲထိရောက်အောင်လာပြီး သားစိတ်ကျေနပ်အောင်မုန့်မှာပြီး စားတတ်တာအကျင့်လိုဖြစ်နေပြီ။သို့ပေမဲ့ ဒီနေ့လာပြီး အရိပ် ကပြန်သွားတယ် သားကို ဆူတယ်ဆိုတာကမဟုတ်သေးပေ
“ပါးပါးက သားကိုအရမ်းဆူတာလား”
“နည်းနည်းပဲဆူတာ ဒါပေမဲ့ ပါးပါးငို…နေတယ်”
“ရန်ခ သားရဲ့ နဖူးလေးအား နမ်းလိုက်ပြီး အောက်သို့ပြန်ချပေးလိုက်သည်။ကိုမျိုး လည်းပြန်ဆင်းလာပြီဖြစ်တာကြောင့် သားကိုကြည့်ပေးထားဖို့ပြောပြီး အပေါ်သို့တက်လာခဲ့တော့သည်။
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"