I will love even to death - 14
သားလေးကိုခွဲမွေးပြီးသည့်နောက် လွမ်းရိပ် တစ်လနှစ်လလောက်ထိ ဒဏ်ကိုခံရဆဲဖြစ်သည်။ဗိုက်ချုပ်ရိုးကျက်ပြီးသည့်အခါ အမာရွတ်ကို ဖုံးဖိအတွက်နဲ့ အသားမမာစေရန်ကုထုံး နှင့် ကုရသေးသည်။သားလေးလလောက်အရွယ်လောက်ထိ သားကို ချီတာပြုတာမလုပ်ခဲ့ရဘူး။ ရန်ခ တစ်ယောက်တည်းကပဲ သားကို ထိန်းတယ် နိုးဘူးဖျော်တိုက်တယ် ပြီးရင် လွမ်းရိပ် ဘေးနားလးလာချပေးပြီး အတူတူ ကလေးကိုမြှူ ကြသည်။
လွမ်းရိပ် အကောင်းတိုင်းပြန်ဖြစ်နေသည့်တိုင် ရန်ခ က လွမ်းရိပ် ကိုအနားယူခိုင်းဆဲဖြစ်သည်။သား ငါးလပြည့် ခြောက်လပြည့်နှင်ဘ တစ်ဖြည်းဖြည်း လက်ပေါ်မှာ တင်ကြီးထွာလာသည့်သားက တစ်အိမ်လုံးရဲ့ အချစ်ခံလေးဖြစ်လို့နေသည်။ဆိုင်ကကလေးတွေသည်လည်း အချိန်ပြည့်ချီချင်ကြသည်။လု ပြီးချီလိုက်နမ်းလိုက်လုပ်လွန်လွန်းလို့ ရန်ခ ကသူ့သားကို သဝန်တိုတယ်ဆိုပြီး ဆိုင်ဘက်ကိုတောင် ခေါ်သွားဖြစ်တော့တာမဟုတ်။
သားလေးဘက်ထောက်သွားတတ်သည့်အချိန် နှင့် လမ်းလျှေက်တတ် စကားပြောတတ်သည့်တိုင် ရန်ခ က သူ့လက်ထဲမှာကြီးပျင်းလာစေသည်။
"ပါးပါး...."
"ပါးပါး.....!"
ရန်ခ က အရှေ့ကခေါ်ပြတော့ မပီကလာပီကလာ လေးဖြင့် တစ်လုံးတစ်ခဲ အသံအကြီးကြီးဖြင့် ခေါ်လေ၏။
"ပါးပါး..."
"ပါးပါး...!"
"ဗျာ ပါးပါးသားလေးရဲ့ပါးပါးဆီလာပါဦး"
"ပါးပါး!"
တစ်ဖက်ကနေ ရန်ခ က သားကိုလွှတ်ပေးလိုက်သည့်အခါ သားက လွမ်းရိပ် ဆီသို့ ယိုင်တိုင်တိုင်လေးလျှောက်လာသည်။ဝ တုတ်တုတ်ကလေးမို့ ခြေထောက်တွေကသူ့ကိုယ်လုံးကြီးကိုသိပ်ပြီးမနိုင်သေးပေ။သား က လွမ်းရိပ် ဆီရောက်လာသည့်အခါ တစ်ဖက်သို့ပြန်လှည့်ပြီး လွမ်းရိပ် သင်ပေးစရာပင်မလိုဘဲ ရန်ခ ဘက်သို့ လှည့်ကာဖြင့်
"ဖေဖေ...!"
"ဟား...ဟား... ငါ့သားက တော်လိုက်တာကွာ ဖေ့ဖေ့ ဆီလျှောက်လာခဲ့ သားသား"
YOU ARE READING
I Will Love Even To Dead(Complete)
RomantikSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"