Chapter 15(Final)

6.1K 179 12
                                    

I will love even to death - 15(Final)

ရန်ခ အခန်းအတွင်းသို့ဝင်လာလာချင်း လွမ်းရိပ် ကိုလိုက်ရှာရပြန်သည်။ဝရံတာဘက်ထွက်ပြီး မတ်တပ်ရပ်နေသည့် လွမ်းရိပ် ကိုတွေ့တော့ အနောက်ကနေဝင်ရပ်ကာ ခါးသေးသေးလေးအား အနောက်ကနေသိုင်းဖက်လိုက်ပါသည်။

"ဘာရပ်လုပ်နေတာလဲ မအေးဘူးလား"

"နေထွက်နေတာကို သားရော?"

"သားက အိုမားနဲ့ ရုပ်ရှင်ကြည့်ရင်း မုန့်စားနေတယ် အရိပ် ဘာလို့သားကို ရိုက်တာတုန်းကွာ အေးအေးဆေးဆေးစကားပြောရင်သားကနားထောင်တာပဲ"

"ငါလည်းမသိတော့ဘူး အဲ့ကိစ္စနဲ့ဆို ငါ့ကိုယ်ငါမထိန်းချုပ်နိုင်ဘူး သားကိုမသိစေချင်ဆုံးအရာပဲသားပါးစပ်ကထွက်လာတဲ့အခါ ငါတကယ်စိတ်ပျက်သွားမိတယ် "

"သားကပြောတယ် မယုံပါဘူးတဲ့ စိတ်ကိုရှင်းထုတ်ကြရအောင်လေ အရိပ် .... ဘာပဲဖြစ်ဖြစ် ရှင်သန်သွားရင်းနဲ့ပဲ အဖြေရှာတွေ့ကြမှာမလား"

"ရန်ခ.....ငါ့ကို မင်းမြတ်ဆက်သွယ်လာတယ် မနက်ဖြန် သူနဲ့စကားပြောဖို့ချိန်းတယ်"

ရန်ခ သက်ပြင်းဖွဖွလေးချရင်း အားယူကာ ပြုံးလိုက်၏။လွမ်းရိပ် ခါးကိုဖက်ထားရာမှ လွှတ်လိုက်ရင်း ဒီတစ်ခါစိတ်အဆင်မပြေတာ သူကိုယ်တိုင်ဖြစ်သွားပုံရသည်။ သူမတွေးထားခဲ့သည်တော့မဟုတ်ပါ တကယ်တမ်းမိသားစုအစစ်ဟာ မင်းမြတ်အပိုင်ပဲမဟုတ်လား။ ရန်ခ ကသာခိုးယူထားမိခဲ့တာ။ တကယ်လို့ သားကရော လွမ်းရိပ် ကပါ မိသားစုအစစ်အမှန်ကို လိုလားခဲ့ပါလျှင် သူနောက်ဆုတ်ပေးရမှာပဲမဟုတ်လား။

ရန်ခ မျက်နှာပျက်မသွားမိအောင် ထိန်းထားရင်း နှုတ်ခမ်းနှစ်လွှာကို သွားဖြင့် ဖိကိုက်ထားလိုက်မိသည်။သို့ပေမဲ့ နှာဖျားထိပ်၌ ကျင်တက်လာပြီး မျက်ခမ်းတွေစပ်လာ၏။ကောင်းကင်သို့မော့ကာ မျက်ရည်များခြောက်သွေ့စေရန် အလိုငှာ မော့ထားရင်းဖြင့်

"လက်ခံလိုက်လား"

"အင်း ..... လက်ခံလိုက်တယ် ..."

"သားကိုရော ခေါ်သွားမှာလား ..... ငါလိုက်ပို့ပေးရမလား"

"မလိုဘူး သူအိမ်အထိလာခေါ်မှာ ရန်ခ..... သူသားကိစ္စကိုသေသေချာချာသိနေတယ် .... အဲ့တာကြောင့် ငါသွားမှကိုဖြစ်မှာ.....ဟင်း....မင်းလည်းနားဦးလေ"

I Will Love Even To Dead(Complete)Where stories live. Discover now