I will love even to death - 7
ကလေးတွေလည်းတော်တော်ပင်ပန်းသွားကြသည်ကြောင့် ဝန်ထမ်း ခေါ်ဖို့တိုင်ပင်ကြရင်း နောက်ထပ် မုန့်လုပ်မဲ့ဝန်ထမ်းနှင့် coffee ဖျော်ဆရာနှင့် Deli ပို့ဖို့လူကအစ ဝန်ထမ်းတွေ ခေါ်ယူလိုက်သည်။တစ်လအတွင်း ဆိုင်ကို အနောက်ဘက်နေရာကိုချဲ့လိုက်ပြီး မုန့်လုပ်အခန်းဖြင့် ပြောင်းကာ အပေါ်ဘက်သို့ နောက်တစ်လွှာအဖြစ် ကိတ်တွေ နှင့် Dessert သီးသန့်ကောင်တာလုပ်လိုက်သည်။စားသုံးသူတွေလည်း အပေါ်ထပ်မှာစားသုံးနိုင်အောင် ကျောင်းသားတွေပါ ထိုင်လို့ရအောင် တိုးချဲ့လိုက်သည်။
တစ်ရက်တစ်ခြား ဆိုင်ရဲ့ရောင်းအားနှင့်ဝင်ငွေက များလာသလို ပင်လည်းပင်ပန်းလာရသည်။ တစ်ရက်နှင့်တစ်ရက် လွမ်းရိပ် ရဲ့ ကိုယ်ဝန်က အရွယ်ရောက်လာပြီဖြစ်တာကြောင့်လွမ်းရိပ် ကို အလုပ်တွေလည်း မလုပ်ခိုင်းဖြစ်တော့ပါ။
ရန်ခ လည်းဆိုင်လည်ပတ်ဖို့အတွက်ကြီးကြပ်ရပြီး လုပ်ငန်းအတွင်း လိုအပ်တာတွေကို မပျက်မလပ် ဖြည့်တင်းပေးဖို့ service ပိုင်းအတွက် ပါမချန် အကုန်ကြီးကြပ်ရသည်။ ဒီလိုနှင့်နောက်တစ်လကုန်ဆုံးလာပြန်၏။ အိမ်ပြင်တာလည်းပြီးသွားသည့်အခါ လွမ်းရိပ် နှင့် သူလည်း အိုမားအိမ်ဘက်ပြန်ပြောင်းကာ နှစ်ယောက်တစ်ခန်းအပြင် တစ်ဖက်မှာ ကလေးနေဖို့အတွက် အခန်းပါပြင်ဆင်ထားခဲ့သးသည်။ ကိုယ်ဝန်သုံးလကျော်နေပေမဲ့ လွမ်းရိပ် ရဲ့ဗိုက်အိုးလေးကအနည်းငယ် ဆူဆူလေးသာရှိသေးသည်။တစ်ခါတစ်လေ မူးမော်နေတတ်ပြီး မှိန်းနေသည့် အခါ ရန်ခ မှာ အနားကပင်မခွာနိုင်
မနက်နိုးလာသည့်အခါ အိပ်ပျော်နေသည့် ပိုးကောင်သေးသေးလေးကို ကြည့်နေရသလို အသည်းတယားယားဖြစ်ရသူက ရန်ခ ပင်ဖြစ်၏။
"ရန်ခ..... "
"နိုးပြီလား မနက်စာဘာစားချင်လဲ"
"ရတယ် ပြီးကျမှစဥ်းလိုက်မယ်လေ"
"အင်း ထတော့ ငါထူပေးမယ်"
ရန်ခ လွမ်းရိပ် ရဲ့လက်မောင်းတစ်ဖက်ကို ကိုင်ရင်း ပုခုံးကို ပွေ့ကာ ထူပေးလိုက်သည်။
"ဒီနေ့မင်းဆိုင်ကယ်သွားဝယ်မယ် ဆို "
"ဟုတ်တယ် တစ်ရက်က မုန့်ပို့အတွက်ကားတစ်စီးလည်းတွေ့ထားလို့အဲ့ ကားကိုပဲအရင်ဝယ်လိုက်မယ် ဆိုင်အတွက် ကားလိုနေတာ မလို့"
YOU ARE READING
I Will Love Even To Dead(Complete)
Storie d'amoreSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"