Chapter 10

4K 162 11
                                    

I will love even to death - 10

မိုးရှင်း ရော အိုမားက ပါ လွမ်းရိပ် ကို ကြည့်ကာ တိတ်ဆိတ်သွားသည်။ရန်ခ တကယ် ဆိုင်မှလည်းမရှိဘူပေါ့... ရန်ခ အိမ်ပြန်မအိပ်ဘူးဆိုရင်တောင် ဆိုင်မှာ သွားအိပ်မယ်လို့ထင်ထားတာ။ အိုမားခေါ်လာပေးနိုင်မယ် ထင်ထားတာ။ရန်ခ ပြန်ပါလာမယ်လို့ လွမ်းရိပ် ထင်ထားတာ ။

မျက်ရည်က လွယ်လင့်တကူ ထပ်မံစီးကျလာသလို ရှိုက်တက်လာသည်ကြောင့် ကောင်းကောင်းအသက်မရှူနိုင်ဖြစ်သည်။ပက်လက်ကြီးမို့ ထထိုင်လိုက်ပေမဲ့ အသက်ရှူမဝသည့်အပြင် ချောင်းဆိုးလာသည့်ကြောင့် တဟွတ် ဟွတ် ဖြစ်လာသည်။

"သားလေး.... စိတ်ကိုလျော့ပါဦး အဲ့ကောင်ကို စိတ်ထဲမထားနဲ့ သူပြီးကျပြန်လာလိမ့်မယ် ပြီးရင် အိုမားသူ့ကို ဆူပေးမယ် နာနာလေးလည်းခေါက်ပစ်မယ်နော် သား ..."

"အိုမား...မှားတဲ့သူက သားပါ....သားကြောင့် သူ...သူသားကိုစိတ်ကုန်သွားတာ"

"မဟုတ်ပါဘူ အစ်ကို..ရယ် ရန်ခ အစ်ကို က အဲ့လိုမျိုးမဟုတ်ပါဘူး အစ်ကို ကို သူကအသေချစ်တာ ကျွန်တော်တို့တောင်သိတယ် အခုဆို ကလေးပါရှိနေပြီကို "

မိုးရှင်း တို့တွေက ကလေးကို ရန်ခ ရဲ့ကလေးဟုသာသိကြတာဖြစ်သည်။ဒါကလည် ရန်ခ ကိုယ်တိုင်က ထိုသို့ပဲသိစေချင်တာကြောင့်ပင်။သူ့ကလေးမဟုတ်တာတောင် လွမ်းရိပ် ကိုအများကြီး ဂရုစိုက်ပေးတယ် ကြင်နာပေးတယ် သူ့ကိုစွန့်ပစ်ပြီး မှ အကူအညီလိုမှ ပြန်ရောက်လာတဲ့သူကို ကြင်နာပေးတယ် အဲ့လိုလူကို လွမ်းရိပ် က စိတ်ကုန်အောင်လုပ်မိတယ်တဲ့လား လွမ်းရိပ် က တကယ်ကိုစိတ်ပျက်စရာကောင်းနေတာပဲ

"ဟင့်...ရွှတ်....အင့်..."

အရမ်းငိုနေသည်ကြောင့် အိုမားက ပါငိုနေသည်။သူမ တစ်သက်လုံးစောက်ရှောက်ပေးခဲ့တဲ့ကလေးတွေနာကျင်နေတာကိုမြင်တောာ့သူမလည်း စိတ်မကောင်းဖြစ်သလို ထပ်တူနာကျင်ရပြန်၏။

"အိုမား အဲ့ကလေးဆိုးကို ပြန်ခေါ်ပေးမယ် သားက မငိုနဲ့တော့နော် ဆရာဝန်လာနေပြီ တိတ်တော့နော်သား"

ခေါင်းမူးတာကအိပ်ရေးပျက်တာကြောင့်ပဲမို့ ဆေးတစ်ချို့ပေးကာ အားပြည့်အောင်နေဖို့နဲ့အိပ်ရေးထပ်မပျက်ဖို့မှာသွားသည်။အခုလည်း အိပ်ဆေးသွင်းပေးခဲ့တာကြောင့် ဆေးအရှိန်နဲ့ လွမ်းရိပ် အိပ်ပျော်သွားခဲ့သည်။

I Will Love Even To Dead(Complete)Where stories live. Discover now