I will love even to death - 6
မပေးရဲဘူး သူအများကြီးကြိုးစားပြီးဝယ်ယူခဲ့ပေမဲ့ မပေးရဲဘူး။ သူ့ကိုယ်သူလည်းစိတ်ပျက်နေမိသည်။ လွမ်းရိပ် ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ သူဖိအားမပေးချင်ဘူး ။ လွမ်းရိပ် အနေနဲ့သူ့အပေါ် အားနာစွာနဲ့ လိုက်လျောပေးမှာမျိုးကို ရန်ခ တကယ်မလိုချင်ဘူး။
ငါ့ကိုချစ်မလာရင်လည်းရတယ် ချစ်မပေးလည်းဖြစ်တယ်ဆိုပြီးပြောခဲ့ပေမဲ့ ငါဘာကြောင့် မင်းအချစ်ကိုလိုချင်ေနမှန်း ငါ့ကိုယ်ငါတကယ်မသိတော့ဘူး အရိပ်
ရေချိုးပြီးသည့်အခါ စိတ်ထဲရှုပ်ထွေးနေဆဲဖြစ်တာကြောင့် အိတ်ကပ်ထဲအမြဲရှိနေတတ်သည့် ဆေးလိပ်ဘူးနှင့် မီးခြစ်ကို ယူကာ အောက်ပိုင်းကို တဘက်ဖြင့်ပတ်ပြီး အပြင်သို့ထွက်လာခဲ့လိုက်သည်။မှောင်မဲနေသည့်ကောင်းကင်ကြီးမှာတောင် ကြယ်များရဲ့တောက်ပမှုကပျံ့ကျဲလို့နေသည်။ဆေးလိပ်ငွေ့များအား အဆုပ်ထဲထိရောက်သည်အထိရှိုက်ငင်လိုက်ရင်း အားလုံးကိုလေဟာပြင်ထဲသို့ကုန် စင်အောင်မှုတ်ထုတ်လိုက်သည်။
ပြတင်းပေါက်မှာ အပေါ်ပိုင်းဗလာဖြင့် ရပ်နေတာကြာတော့ အေးလာသည်မို့ ရေချိုးခန်းသို့ပြန်ကာ ခံတွင်းသန့်ဆေးရည်နှင့် ပလုတ်ကျင်းပြီးနောက်အခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။အပြင်မှာနေတာ အတော်လေးကြာသွားသည်မှန်း ရန်ခ သိသည်။ကုတင်ပေါ်မှ စောင်ပုံထဲ နစ်ဝင်နေသည့် ကိုယ်သေးသေးလေးကိုကြည့်ကာ ပြုံးကာငေးမိပြန်သည်။အဝတ်တွေ လဲလိုက်ပြီး တစ်ဖက်နေရာလွတ်ဆီသို့တိုးဝင်းရင်း
လွမ်းရိပ် ဘက်သို့မျက်နှာမူလိုက်၏။လွမ်းရိပ် နှင့်သူအကြိမ်ကြိမ် နီးကပ်စွာနေဖူးပေသည်။ မျက်ခုံးပါးပါးလေးတွေရှိတာကိုလည်းသိသလို နှာခေါင်းလေးလုံးကြောင်းကိုလည်း ရန်ခ သိပါသည်။ နှုတ်ခမ်းနီနီထွေးထွေးလေးဟာလည်း နေ့စဥ်အမျှ မြင်တွေ့နေခဲ့ဖူးသည်။သို့ပေမဲ့ ထိုအရာလေးတစ်ခုစီတိုင်းဟာ ရန်ခ ရဲ့စိတ်ကို ဖမ်းစားနေ၏။
မျက်နှာပေါ်ရှိ အစိတ်အပိုင်းတစ်ခုစီအား လက်ညှိုးထိပ်ကလေးဖြင့် ထိတို့ကြည့်ရင်း ရန်ခ လက်ကလေးတုန်ယင်လာ၏။တစ်ခါမှ မဖြစ်ဖူးတာတော့မဟုတ်ပေမဲ့ လွမ်းရိပ် အနားမှာရှိနေတုန်း ဒီစိတ်ဖြစ်မိတာတော့ ပထမဆုံးအကြိမ်ပဲ။ ရန်ခ ၏ ခန္ဓာကိုယ်တစ်ခုလုံးပူပြင်းကာတောက်လောင်လာသလိုခံစားနေရ၏။
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"