Chapter 13

4K 165 5
                                    

I will love even to death - 13

လေပြေတွေတိုက်ခတ်လို့ ဆံစ လေးတွေကလွင့်လူလို့နေသည်။နဖူးပေါ်ဝဲကျလာသည့် ဆံပင်တစ်ချို့ကို နားနောက်သို့ သပ်တင်ပေးနေရင်း ကွာရှင်းကြမယ် ဆိုသည့်စကားကြောင့် ရန်ခ လက်တွေက ကမ္ဘာဆွဲငင်အားကို အံတုကာလေထဲ၌ ရပ်တန့်သွားခဲ့လေသည်။

"....."

"ငါ... ကွာရှင်းဖို့ကိစ္စကို ဒီမနက် အိုမားနဲ့ ပြောပေးမယ်"

"အရိပ်~~~ ငါ့ဆီကဘာဖြေရှင်းချက်မှ မတောင်းဘဲ မင်းဘက်ကတစ်ဖက်သက်အမြင်လေး နဲ့ ကွာရှင်းမယ်ဆိုတဲ့စကားကိုလွယ်လွယ်ပြောထွက်ရက်တာလား..."

"ငါ့ဘက်ကတစ်ဖက်သက်အမြင်ဆိုတာဘာလဲ ရန်ခ.... ငါကမင်းအတွက် ပြောနေတာ..."

"ငါ့အတွက်တဲ့လား မင်းမြတ်မင်းဆီဖုန်းဆက်သွယ်လာလို့လား"

"ဘယ်က မင်းမြတ်အကြောင်းကပါလာတာလဲ ရန်ခ..."

"မင်းမြတ်က မင်းကိုပြန်လာဖို့အတွက်ခေါ်တာလား အရင်ကလို သူမှားသွားပါတယ်ဆိုပြီး မင်းကိုတောင်းပန်လိုက်ပြီလား အရိပ်.."

"ရန်ခ..... !!"

"ပြောစမ်းပါ .... အဲ့တာကြောင့်ပဲမလားဟမ် ရွှတ်.....ဟား.... မင်းအချစ်ဦးပြန်လာပြီဆိုတော့ ငါအသုံးမဝင်တော့ဘူးမလား ဒါ့ကြောင့် မင်းကငါ့ကိုတခြားသူလက်ထဲအတင်းပြန်ထိုးထည့်ပေးမယ် ဟုတ်တယ် မလား အရိပ်"

"ရန်ခ. .... မင်းလွန်မလာနဲ့ ငါ မင်းမြတ်နဲ့ ဘာအဆက်အသွယ်မှမရှိဘူး... ငါအခုလိုပြောတာ မင်းနဲ့ ဝဏ္ဏ အတွက်ပဲ မင်းသူနဲ့နမ်းတောင်နမ်းနေခဲ့ကြတာ ငါ့မျက်စိနဲ့တပ်အပ်မြင်တယ် မြင်လို့.... မြင်လို့ ငါနောက်ဆုတ်ပေးမှာ...."

"ငါမင်းကိုကွာရှင်းပေးဖို့ပြောလား"

ရန်ခ က လွမ်းရိပ် ပုခုံးနှစ်ဖက်ကိုခါယမ်းပြီး ဝမ်းခေါင်းသံပါသည်အထိအော်ပြောလာသည်။

"ငါနဲ့မင်းကလက်ထပ်ထားတာ ရန်ခ ငါ့မမြင်ကွယ်ရာမှာ တခြားသူနဲ့နမ်းနေတာကို ငါက ဒီအတိုင်းခွင့်လွှတ်ပေးရမှာလား မင်းတို့မလွတ်မလပ်ဖြစ်နေမှာစိုးလို့ကွာမှာ.....ငါကလိုလိုလားလား ကွာပေးမှာ ငါ့ကိုမဟုတ်တာနဲ့လာမစွပ်စွဲနဲ့ ရန်ခ..."

I Will Love Even To Dead(Complete)Where stories live. Discover now