Chapter 4

4K 188 14
                                    

I will love even to death - 4

လွမ်းရိပ် သူ့ရဲ့ အင်္ကျီလက်စကို လှမ်းဆွဲပြီးတားလိုက်၏။

"ငါဒီအတိုင်းလေးပဲ မူးနေတာ လှဲနေဖို့လည်းမလိုပါဘူး"

လွမ်းရိပ် ပြောရင်းဖြင့် ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်ကို လက်ကလေးထောက်ကာ ဘေးဘက်က ပန်းပွင့်လေးတွေအား ငေးကြည့်နေ၏။ရန်ခ လည်း တိတ်တဆိတ် ဖြင့် လွမ်းရိပ် အနားတိုးဝင်ပြီး ဘောင်ပေါ် လက်ပိုက်တင်ပြီးလက်မောင်းကိုခေါင်းအုံးကာ လွမ်းရိပ် မျက်နှာလေးကို ငေးကြည့်၏။

"အရိပ် ...... ငါ့ကိုပြုံးပြပါလား ဟင်"

"ဟင်...."

"ပြုံးပြပါလားလို့ ..."

ရန်ခ ဘက်သို့လှည့်ကာ လွမ်းရိပ် ပြုံးပြလိုက်သည့်အခါ ရန်ခ ကသူကိုည်တိုင် မျက်လုံးတွေပိတ်ကျသည်အထိ ရယ်ပြ၏။ပြတင်းပေါက်ဘောင်ရဲ့တစ်ဖက်ရှိ ပန်းပွင့်သေးသေးလေးကို ရိုးတံလေးကနေချိုးလိုက်ပြီး လွမ်းရိပ် နားသယ်စပ်ကြား ထိုးသွင်းပေးကာဖြင့် ထပ်မံပြုံးပြန်သည်။

"အရိပ် မင်းကလေ ပန်းလေးနဲ့တူတယ် ....."

"ပန်း....ဘာလို့လဲ ငါအားနည်းလို့လား"

လွမ်းရိပ် မေးတော့ ခေါင်းခါ၏။လွမ်းရိပ် ရဲ့ နားရွက်ဖျားလေးကို လက်ညှိုးထိပ်လေးဖြင့် ထိတို့ကာ

"အရောင်အသွေးစုံပြီး လှလို့လေ.... မင်းကသိပ်ကိုလှပပြီး နူးညံ့တယ် ပြီးတော့မွှေးလည်းမွှေးတယ် ..... "

ရန်ခ စကားကြောင့် လွမ်းရိပ် မျက်နှာလေးတစ်ခုလုံး ရဲတက်လာပြီး လည်တိုင်မှတစ်ဆင့် ဂုတ်ပိုးလေးတွေအဆုံး ရဲတွတ်နေလေသည်။ ဂုတ်ပိုးရှိ ဆံပင်ပိစိလေးနှင့် လည်ဂုတ်ပေါ်ရှိ အမွေးနုစိမ်းစိမ်းလေးများကို အသည်းယားစွာဖြင့် ရန်ခ လက်ထိပ်ကလေးဖြင့် ဖြည်းဖြည်းလေးထိတို့လိုက်တော့ တုန်တက်သွားသည် ကိုယ်လေးကြောင့် ရန်ခ ရင်ထဲကလိကလိဖြစ်လာရသည်။

ဒီချစ်စဖွယ်လူသားလေးရဲ့အမူအကျင့်ဟာ ဘယ်သောအခါမှ ပြောင်းလဲသွားခြင်းမရှိပေ။ ပါးလွှာတဲ့အရေပြားလေးများသည် သူရှက်လာသည့်အခါ ဖုံးဖိမထားနိုင်အောင် နီမြန်းလာတတ်သည်။အထိမခံလေးဖြစ်သလို စနောက်လို့မရတဲ့ဟာလေးဖြစ်၏။

I Will Love Even To Dead(Complete)Where stories live. Discover now