Chapter 8

3.8K 152 17
                                    

I will love even to death - 8

လွမ်းရိပ် ထထွက်သွားတော့ ရန်ခ ချက်ချင်း လိုက်သွားဖို့လုပ်ပေမဲ့ မိုးရှင်း က ရန်ခ ဆီပြေးလာပြီးစားပွဲပေါ်ကစာအိတ်ကိုကောက်ယူလိုက်၏

"အစ်ကို ဖတ်ကြည့်ကြမလားဟင်"

"မင်းကြိုက်သလိုလုပ်"

"အစ်ကို ကကလေးအဖေဖြစ်တော့မှာတောင် အခုထိစော်ကြည်နေတုန်းပဲဗျာ အားကျတယ် အားကျတယ်"

မိုးရှင်း စကားကို လျစ်လျူရှုပြီး လွမ်းရိပ် ဆီသို့ပြေးလိုက်လာခဲ့သည်။ခြံတံခါးဖွင့်နေတုန်း လွမ်းရိပ် က အိမ်ထဲဝင်သွားပြီဖြစ်၏။ရန်ခ ခြံထဲဝင်ပြီးသည်နှင့်တံခါးကိုပြန်ပိတ်ကာ လွမ်းရိပ် အနောက်သို့ပြေးလိုက်လာခဲ့သည်။နေ့ခင်း‌ေန့လည်ဘက် အိုမား အိပ်နေပြီဖြစ်တာကြောင့် အကျယ်ကြီးလည်း မအော်ရဲ။

လွမ်းရိပ် ဆီသို့အမီလိုက်ရင်း လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ကာ

"အရိပ် ဘာဖြစ်တာလဲ"

"လွှတ် လိုက်မလာနဲ့.."

လက်ကိုခါချပြီး လိုက်မလာနဲ့ဆိုသည့်စကားကြောင့် လှေကားခြေရင်းမှာ ရန်ခ ရပ်ကျန်ခဲ့ရသည်။ လွမ်းရိပ် က ဘာကြောင့်စိတ်ဆိုးရတာလဲ ရန်ခ အဲ့ကောင်မလေးကို မသိဘူးသူ့ဘာသာ လာဖွင့်ပြောတာ ရန်ခ အပစ်မှမဟုတ်တာ။ပြီးတော့ လွမ်းရိပ် စိတ်ဆိုးတိုင်း ရန်ခ ဘယ်တုန်းကမှ မဆိုင်သလိုမနေတတ်ခဲ့ဖူးဘူး။အပေါ်ထိရောက်သွားပြီး တံခါးပိတ်သံအထိပါကြားလိုက်ရတာမို့ ရန်ခ ပြေးတက်လာခဲ့ပြီး အခန်းထဲ ဝင်သွားလိုက်သည်။

ကုတင်ပေါ်မှာ ထိုင်နေရင်း ရန်ခ ဝင်လာသည်ကို မြင်တာနဲ့ခေါင်းအုံးဖြင့်ပိတ်ပေါက်၏

"မင်းကို မလိုက်လာနဲ့လို့ ငါပြောခဲ့တယ်လေ"

"အရိပ် ငါဘယ်တုန်းက အဲ့လိုမျိုးနေတတ်လို့လဲ မင်းဘာဖြစ်လို့လဲ ငါ့ကိုပြောပါဦး..."

"ထွက်သွားလို့...."

ခေါင်းအုံးဖြင့်ထပ်ပေါက်သည့်အခါ ရန်ခ မိအောင်ဖမ်းပြီးခေါင်းအုံးနှစ်ခုလုံးကို ကုတင်ပေါ်သို့တင်ကာ သူပါ ကုတင်ပေါ်သို့ တတ်ကာ ထိုင်လိုက်သည်။ထိုအခါ လွမ်းရိပ် က ရန်ခ ရင်ဘက်ကို တဘုန်းဘုန်းဖြင့်ထုရိုက်၏။

I Will Love Even To Dead(Complete)Where stories live. Discover now