I will love even to death - 11
လွမ်းရိပ် မျက်လုံးတွေကိုစိုက်ကြည့်ကာပြောနေတာ ။ နှုတ်ခမ်းတွေကကွေးညွှတ်လို့နေသည်။မျက်လုံးတောက်တောက်ကလေးများက လွမ်းရိပ် ကို ညှို့ယူဖမ်းစားနေဟန်ပင်
"ဒီဟာကို ဘယ်လိုလုပ်လိုက်ရမလဲ"
"ဒီလို"
ဆေးလိပ်ဘူးနှင့် မီးခြစ်ကိုမြှောက်ပြကာမေးတော့ လွမ်းရိပ် လက်ကိုထိန်းကိုင်ပြီး အမှိုက်ပုံးပေါ်သို့ချိန်ရွယ်၏။လွမ်းရိပ် လွှတ်ချလိုက်သည့်အခါ လွမ်းရိပ် ကိုပြံြးရယ်ကာကြည့်ပြန်သည်။လွမ်းရိပ် လည်းအသံထွက်ရယ်မိရင်း နှစ်ယောက်စလုံးအကြောင်းပြချက်မရှိ အကြည့်ချင်းဆုံပြန်လေသည်။
"မနက်ဖြန်ကျ ရင် ဆိုင်ကယ်သွားကြည့်ကြမလား"
"အင်း ..... "
"ငါလည်းလိုက်မယ် ညနေစောင်းရင်း မြစ်ကမ်းနားမှာ ဆိုင်ကယ်ပတ်စီးကြမယ် ပြီးရင် မုန့်တွေအများကြီးဝယ်စားကြမလား ငါလည်းအပြင်မထွက်တာကြာပြီဆိုတော့"
"အိုကေ မနက်ဖြန်ကျ ဆိုင်ကယ်ဝယ်ပြီးတာနဲ့ မင်းသွားချင်တဲ့နေရာတွေအကုန်လိုက်ပို့မယ်"
နှစ်ယောက်သား ကြက်သားဆန်ပြုတ်အိုးချပြီးသည့်အခါ လွမ်းရိပ် စားဖို့အတွက် ဆန်ပြုတ်ကို အေးအောင် လုပ်ပေးရင်း ေသချာခွံ့ကျွေး၏။ဆန်ပြုတ်ကုန်ခါနီး၌ အိုမားက ဝင်လာပြီး ညစာစားဖို့ပြင်ဆင်သည်။လွမ်းရိပ် က အိုမားကိုကူလုပ်ပေးရင်း ထမင်းဝိုင်းမှာ အတူထိုင်နေဆဲဖြစ်သည်။
"အိုမား များများစား"
"ဖားမနေနဲ့ ရန်ခ စားစရာရှိတာစားစမ်းပါ..."
"အိုမား... သားက ဖားတာမဟုတ်ပါဘူးဗျာ"
လွမ်းရိပ် မျက်နှာလေးလန်းနေတာကြောင့် သူတို့အိမ်ကလေးကအရင်နေ့တွေကလို သာယာလာပြန်သည်။မနက်ပိုင်း လုပ်စရာရှိသည့်အလုပ်တွေ အကုန်အစီစဥ်တကျလုပ်ပြီးသည့်နောက် နှစ်ယောက်တည်းအသွားကို Bus ဖြင့်သွားကာ ဆိုင်ကယ်ဝယ်ဖို့ သွားကြသည်။ ဆိုင်ကယ်စိတ်ကြိုက်ရှာရင်း Yamaha YZF R1 တစ်စီးကို ရန်ခ ကအကြည့်မလွှဲနိုင် အဖြူရောင်ကသန့်ပြန့်နေတာကြောင့် အခြေအနေကို သေချာကြည့်ရင်း လွမ်းရိပ် ဘက်သို့လှည့်ကြည့်လာ၏။
YOU ARE READING
I Will Love Even To Dead(Complete)
RomanceSky 💙 "ဆေးလိပ်ဖြတ်မယ်.... မနမ်းဘဲတော့မနေနဲ့"