[ 76 ]

2.9K 426 16
                                    

Unicode

အပိုင်း - ၇၆

လူသုံးလေးယောက်လောက် မိုးတိုးမတ်တပ်ဖြစ်နေသည့်အပြင် ဘားအကျယ်အဝန်းက သိပ်မရှိတာမို့ သူတို့ဝိုင်းကို လူတော်တော်များများ လှမ်းကြည့်လာကြသည်။

လုကျင်းလန်က အရင်ဆုံး ပြောလိုက်သူပင်။

“ဘာမှမဟုတ်ဘူး”

ဝမ်ကျားနင်ကလည်း ဝမ်းလင်၏လက်ကို အသာရုန်းလိုက်ကာ

“ငါတို့ ဘာမှမဖြစ်ပါဘူး”

ထိုသို့ဆိုပြီး စတိတ်စင်ဘက်သို့ လျှောက်သွားလိုက်တော့သည်။

ဒီတစ်ခါ လုကျင်းလန်က မတားပေ။

ဝမ်ကျားနင် သွားချိန်မှာ ကွမ်ရှောင်ထျန်းနှင့်လဲ့ရှုတို့လည်း စင်ပေါ်မှ ဆင်းလာခါစဖြစ်သည်။ သူ မစဉ်းစားဘဲ စိတ်ထင်ရာပြောတာမျိုး မလုပ်ပါ။ ကွမ်ရှောင်ထျန်းနှင့် အခြားသူများဆီ လျှောက်သွားပြီး လက်ဆန့်တန်းပေး၍ ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်”

ကွမ်ရှောင်ထျန်းက ခဏ ကြောင်သွားပြီးမှ သူ့လက်ကို ပြန်ဆုပ်ကိုင်သည်။

“ကျေးဇူးပါပဲ”

ဝမ်ကျားနင်က လဲ့ရှုနှင့်လည်း လက်ဆွဲနှုတ်ဆက်၍ ဝမ်းသာကြောင်း ပြောသည်။ ထို့နောက် စတိတ်စင်ပေါ်သို့ တက်သွားကာ မိုက်ခရိုဖုန်းရှေ့ ရပ်လိုက်ရင်း

“ဒီနေ့က ပျော်စရာကောင်းတဲ့နေ့လေးပါ၊ ကျွန်တော့်မိတ်ဆွေတွေနဲ့ ဒီမှာရှိနေတဲ့လူတိုင်းအတွက် သီချင်းဆိုပေးချင်ပါတယ်၊ သီချင်းနာမည်က 'Lovers'”

ပြောရင်း သူ တီးဝိုင်းဘက်လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။

လူတော်တော်များများက အားတက်သရောတုံ့ပြန်ကြကာ ကွမ်ရှောင်ထျန်းသည်ပင် စင်ပေါ်မှ ဝမ်ကျားနင်ကို ကြည့်ရင်း နည်းနည်း ‌ဒွိဟဖြစ်သွားရသည်။

လဲ့ရှုက သူ့နားနားသို့ ကပ်ကာ ခပ်တိုးတိုးမေးလာပြီ :

“သူက ရှင့်သူငယ်ချင်းလား”

ကွမ်ရှောင်ထျန်း ခေါင်းခါပြလိုက်သည်။

အခုလေးတင် သီဆိုသွားသော အမျိုးသမီးအဆိုတော်နှင့် ဝမ်ကျားနင်က မတူပေ။ နှစ်ပေါင်းများစွာ အနုပညာလောကထဲ ကျင်လည်လာသည့် ကွမ်ရှောင်ထျန်းထက်လည်း သူက ပိုပြီး ကြည့်ကောင်းသည်။ ဘာပဲပြောပြော အခုဆို သူက နာမည်ကြီးနေပြီး ပရိသတ်တွေလည်း မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားပြီလေ။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now