Ep-1

1.8K 98 14
                                    

" သားလာ ဝင်.."

ကားပေါ်ကနေ ဆင်းသည်နှင့် မြင်လိုက်ရသည့်
အိမ်တော်ကြီး..။ ရောက်လာခဲ့ပြီ နောက်ဆုံးတော့
ငါရောက်လာခဲ့ပြီ..။ ဒီအိမ်မှာ အောက်ကျခံပြီး
အလုပ်လုပ်ဖို့အတွက် လက်ရှိ ဒီအိမ်မှာ
ကားဒါရိုက်ဘာအဖြစ် အလုပ်လုပ်နေတဲ့
အသိဦးလေးကြီး အကူအညီတောင်းခဲ့ရတာ..။

ထိုအိမ်ကြီးထဲ ဝင်သည်နှင့် မြင်တွေ့လိုက်ရသည့်
အရာအကုန်လုံးဟာ တစ်ခမ်းတစ်နားပင်..။
အကောင်းဆုံးပစ္စည်းတွေ အကောင်းစား
အသုံးအဆောင်တွေဟာ အိမ်ဝန်း တစ်ခုလုံး
နေရာယူလျက်..။

အခိုင်းအစေ ‌တော်တော်များများကိုလည်း
ခန့်အပ်ထားသည်..။ အကုန်လုံးဟာ
သူ့ဟာနဲ့သူခေါင်းမဖော်အောင် အလုပ်လုပ်နေကြတာမို့
ဒီအိမ်ရဲ့ ဩဇာအာဏာလွှမ်းမိုးမှုဟာ အလွန်ကို
မြင့်မားလှသည်ဆိုတာ ငါခန့်မှန်းမိသည်..။

" သခင်ကြီး ဒါကျွန်တော်ပြောတဲ့သူပါ.."

ဦးလေးခေါ်ဆိုနေသည့် သခင်ကြီး ဆိုသည့်သူကို
ငါကြည့်မိသည်..။ သေချာပေါက် ဒီအိမ်၏
ခေါင်းကိုင်ပင်..။ ကတီပါးသားနဲ့ ဆိုဖာပေါ်မှာ
ကျကျနနထိုင်နေတဲ့သူရှေ့မှာ ကြမ်းပြင်ပေါ်
ထိုင်နေရတာလောက် ရွံစရာကောင်းတာ
မရှိဘူး..။ ဘာပဲဖြစ်ဖြစ် ငါဒါကိုလုပ်ဖို့
ရွေးချယ်ခဲ့တာမို့ နောင်တလုံးဝမရဘူး..။

" နာမည်က.."

" ဒယ်ဒီရေ!..သားအပြင်သွားလိုက်ဦးမယ်.."

နာမည်မေးလာသည်ကို ဖြေဖို့လုပ်တုန်းမှာ
နောက်ကျောက‌နေ ထွက်ပေါ်လာသည့် အသံချိုချို
လေးကြောင့် ငါ့စကားလုံးတွေဟာ ရပ်တန့်သွားသည်..။
မိန်းကလေးလား မဟုတ်ဘူး သားဟု သုံးနှုန်း
ထားတာကြောင့် သေချာပေါက် ယောင်္ကျားလေးပင်..။
ယောင်္ကျားလေးတစ်ယောက်၏အသံက အဲ့လောက်
ချိုသာစရာလိုလို့လား..။

သားတဲ့..သားဆိုတာကြောင့် သေချာပေါက်
ဒီလူ့ရဲ့ကလေးပင်..။ အသံကသာ ချိုသာနေပေမယ့်
ဒီမိသားစုက ဖြစ်တာကြောင့် စိတ်ကိုတော့
ခန့်မှန်းမရပေ..။

" ဒီကိုခနလာဦး သား.."

အနားရောက်လာသည်ဆိုသည်ကို အရင်ဆုံး
ချိုအီအီရေမွှေးအနံ့က သတိပေးသည်..။
ခေါင်းငုံ့ထားသည်မို့ ပထမဆုံး မြင်လိုက်ရတာ
ဖြူဥနေသည့် ခြေထောက်လေးတွေ..။ မနေနိုင်စွာပင်
မျက်နှာအားမော့ကြည့်လိုက်တော့ ဖြူဥနေသည့်
အသားအရေဟာ တစ်အိမ်လုံးရဲ့ ဂရုစိုက်မှုတွေကို
အပိုင်သိမ်းထားသည်ဆိုသည့် သဘောသက်ရောက်သည်..။

MISSION { COMPLETED }Where stories live. Discover now