Ep-9

665 71 6
                                    

ကုတင်ပေါ်မှာပဲ ငါလဲလျောင်းရင်း စဉ်းစား
နေမိသည်..။ Gemini ပြောသွားသည့် စကား
တွေဟာ ငါ့နားထဲမှာ ပဲ့တင်သံတဖွယ်
ပြန်ကြားနေရသည်..။ နှလုံးသားမှာရော
ဦးနှောက်မှာပါ မေးခွန်းတွေပြည့်နှက်နေသည်..။
နှလုံးသားကို အလိုလိုက်ရမှာလား ဦးနှောက်ကို
အလိုလိုက်ရမှာလား ငါမသိပါ..။

ခံစားချက်တွေဟာလဲ မရေရာနေပါ..။
Gemini အပေါ် ငါလဲ အဆင့်ပိုနေမိပြီလား..။
သူနဲ့တွေ့တိုင်း အခုန်မြန်နေသည့် နှလုံးသားကတော့
ညာမယ်လို့ ငါတော့မထင်ပေ..။ လက်လွတ်
စပယ်လုပ်ဖို့မဖြစ်တဲ့အရာတစ်ခု..။
အစိုးရိမ်ဆုံးအရာက လူရွေးမှားမှာကိုပင်..။

မနက်က..

" သဘောကျတယ် အစ်ကိုကိုရော နူးညံ့နေတဲ့နှုတ်ခမ်းတွေကိုရော.."

အဲ့စကားအဆုံးမှာ ငါကြက်သေ သေသွားခဲ့သည်..။
ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရိုက်ထားသလိုပင်
တောင့်ခဲသွားသည်..။ နားကြားမှားတာလားတောင်
အောက်မေ့ရသည်..။ Gemက ငါ့ကိုသဘောကျတယ်တဲ့..။

တစ်ဆတ်ထဲပင် အခုန်မြန်လာသည့် နှလုံးဟာ
ငါ့စကားကို နားမထောင်ပင်..။ ခုန်ချင်တိုင်း
ခုန်နေသည်..။ ကျယ်လောင်လှသည့်
နှလုံးခုန်သံကို Gem ကြားသွားမှာ
စိုးရိမ်တာကြောင့် ရင်ဘတ်ကို လက်ဖြင့်ဖိကာ
ရပ်တန့်ဖို့အတွက် ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့ပေ..။

" အဲ့အတွက် စိတ်ကောက်ပါစေ ကိုယ်ချော့ပါ့မယ် အခုတော့ စကားလေးပြန်ပြောပါဦး သခင်လေး.."

" ငါ.."

Gemini သည် အရောင်လဲ့နေသည့်
မျက်ဝန်းတွေဖြင့် အရှေ့က အကောင်ပေါက်လေး
တစ်ခုခူပြောလာမည်ကို စောင့်နေသည်..။

" ငါ..မသိဘူး.."

" အင်း အချိန်တစ်ခုလိုတာ ကိုယ်သိပါတယ်
အဲ့တာဆို ကိုယ်သွားတော့မယ် လိုတာရှိရင်
လှမ်းခေါ်နော် အစ်ကို.."

သူထွက်သွားသည်အထိကို ငါမလှုပ်မယက်
ကုတင်ပေါ်မှာပဲ ထိုင်နေမိသည်..။ ဒီနေ့မှ
သူ့အသံဟာ ပုံမှန်ထက်ပိုပြီး ပျော့ပျောင်းကာ
ချိုသာနေသည်..။ ဒါသူ့ဘက်က တကယ့်
စိတ်ခံစားချင်လား သူတကယ်ငါ့ကို
သဘောကျနေတာလား..။ တစ်ခါမှ
ရည်းစားမထားဖူးတာကြောင့် ချစ်တယ်ဆိုတာ
ဘယ်လိုမှန်း ငါမသိပါ..။ အခုတော့ မင်းက
ငါ့ကို သိအောင်သင်ပေးတော့မယ်လေ..။

MISSION { COMPLETED }Where stories live. Discover now