Ep-14

706 70 6
                                    

" သားရယ် ‌အစားလေးတော့စားပါဦးလားကွယ်.."

Gemini ဆိုသည့်ကောင်လေးမရှိတော့သည့်
နောက်ပိုင်း Fourth လေးဟာ သိသိသာသာ
ပိန်ကျသွားသည်..။ အစားလဲ မစားသလို
စကားလဲ ရေရေရာရာမပြောတော့ပေ..။
တက်ကြွသည့် ကလေးက တိတ်ဆိတ်နေတာကြောင့်
အိမ်တော်ထိန်းဖြစ်ပြီး ငယ်ငယ်ထဲက
ထိန်းလာရသည့် သူမ၏ စိတ်ထဲမကောင်းပင်..။

Fourth လေးက ပျောက်သွားခဲ့သည်..။
Gemini ပါအပါအဝင်ပေါ့..။ ‌ပြန်ရှာတွေ့တော့လည်း fourth လေးဟာ ငိုယိုပြီး အိမ်ကို
ပြန်လာခဲ့သည်..။ သူမကိုတော့ fourth ဟာ
ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ရင်ဖွင့်ရှာသည်..။

အစကသူမမယုံခဲ့ပေ..ဒီအိမ်မှာ Fourth ကို
ဂရုအစိုက်ဆုံးဟာ သားGeminiပင်..။
အသေးအမွှားလေးကအစ အရိပ်တကြည့်ကြည့်နဲ့
ဂရုစိုက်တဲ့သူမျိုးဟာ ဒီလိုလုပ်လိမ့်မယ်လို့
သူမဘယ်လိုမှ မထင်ထားခဲ့ပါ..။

Fourth လေး၏ ဖခင် သခင်ကြီးကတော့
သားဖြစ်သူ ဒီလိုဖြစ်နေ‌တာတောင်
အလုပ်တွေနဲ့ပဲရှုပ်နေသည်..။

" ကျွန်တော်..သူ့ကို တွေ့ချင်တယ်.."

" တွေ့ရမှာပါ ကလေးရယ်.."

" ကျွန်တော်သူ့ကိုလွမ်းတယ် သူကရော
ကျွန်တော့်ကို လွမ်းပါ့မလား.."

" သူချစ်ခဲ့ပါတယ်.."

ထိုအခါ ကလေးဟာ တိတ်ဆိတ်သွားပြီး
ပြတင်းပေါက်ကိုသာ အသက်မဲ့နေသည့်
မျက်ဝန်းတွေနဲ့ ကြည့်နေသည်..။
ညညဆို ဒီကလေးဟ အခန်းရှေ့
ဖြတ်လျှောက်တိုင်း ငိုသံတွေ ကြားနေရသည်..။
အို..အချစ်ကြီးလိုက်တာကွယ်..။

အိမ်တော်ထိန်းကြီး ထွက်သွားသည့်
အခိုက်အတန့်မှာ စာရေးစားပွဲပေါ်
သွားထိုင်ပြီး အပြာရောင် ဒိုင်ယာရီ
စာအုပ်လေး‌အား တစ်ရွက်ခြင်းဆီ
လှန်ဖွင့်လိုက်သည်..။ စာမျက်နှာတိုင်းဟာ
လက်ရေးလှလှလေးနဲ့ ရေးထားသည့်
စာတွေနဲ့ ပြည့်နှက်နေသည်..။

Fourth သည် Gemအပေါ် ခံစားချက်
ရှိနေပြီဆိုတာ သိတဲ့နေ့ကျစပြီး ထိုစာအုပ်လေးမှာ
ရေးချတက်သည်..။

စာမျက်နှာ 10

/ Gemက ငါ့ကိုအရမ်းဂရုစိုက်တယ်
ဒီနေ့ ငါတို့ ပထမဆုံးအနေနဲ့ ဒိတ်လုပ်ခဲ့ကြတယ်
Gemက ငါ့ကို ကျောက်ပုဇွန်ခွာပေးတယ်
ပြီးတော့ ပန်းခြံသေးသေးလေးမှာ ငါတို့
ဒိတ်ကြသေးတယ် gem ကပြောတယ်
သူသဘောကျတဲ့သူက ငါဖြစ်နေခဲ့တာမို့လို့တဲ့
ငါအရမ်းပျော်တာပဲ ငါတို့ ဓာတ်ပုံတွေလည်း
အများကြီး ရိုက်ခဲ့ကြသေးတယ်../

MISSION { COMPLETED }Where stories live. Discover now