နောက်နေ့မနက်..
အင်း အိပ်ယာအကောင်းစားပေါ်မှာ အိပ်ရလို့ထင်တယ်
ပုံမှန်ထက်ပိုပြီး ငါအိပ်ရေးဝနေသည်..။ ကုတင်ဘေးက
ခုံပေါ်တင်ထားသည့် နာရီလေးအား ကြည့်လိုက်တော့
8နာရီကျော်နေပြီပင်..။ လုပ်နေကျအတိုင်း
အိပ်ယာအား သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး
ရေချိုးရတော့သည်..။ရေချိုးပြီးသည်နှင့် ပေါ့ပေါ့ပါးပါးဖြစ်မည့်
အနက်ရောက် တီရှပ်နဲ့ ဘောင်းဘီကိုသာ
ဝတ်ဆင်ပြီး အောက်ဆင်းဖို့ပြင်သည်..။
အောက်ထပ်အားမဆင်းခင် သခင်လေး
ဆိုသည့် fourth ၏ အခန်းရှေ့ကဖြတ်သွားတော့
ကြည့်ရတာ မနိုးသေးဘူးထင်ပါရဲ့..။အေးပေါ့
အချစ်ခံလေးက ဒီအချိန်ဘယ်နိုးမလဲ..။မြေညီထပ်အားရောက်တော့ အကုန်လုံးဟာ
သူ့အလုပ်နဲ့သူပင်..။ ငါလဲ ဗိုက်ဆာနေပြီဖြစ်တာကြောင့်
မနက်စာစားဖို့အတွက် ထမင်းခန်းထဲဝင်လာခဲ့သည်...။
ပထမဆုံးတွေ့လိုက်ရတာက ရှည်လျားလှသည့်
စားပွဲနဲ့ ခုံတွေပင်..။" အော် သားGemနိုးလာပြီလား
မနက်စာ စီစဥ်ပေးထားတယ်.."ရုတ်တရက် အသက်ခပ်ကြီးကြီး အန်တီကြီး
တစ်ယောက်သည် သားgemဟု ခေါ်ပြီး
လက်အားလာကိုင်တာကြောင့် ငါ့ရင်ထဲ
အနည်းငယ်နွေးထွေးသွားပြီး အမေ့ကို
သတိရသွားသည်..။" ဒီစားပွဲပေါ်က ကြိုက်တာယူစားနော်..
အဒေါ်က ဒီအိမ်ရဲ့ အိမ်တော်ထိန်းပါ
ဘာသောက်မလဲသား.."" ကော်ဖီပဲပေးပါ.."
" ခနလေးစောင့်နော်.."
စားပွဲရှည်ကြီးပေါ်မှာ ခင်းကျင်းထားသည့် မုန့်တွေဟာ
အလွန်များလွန်းလို့ ဘယ်ကနေစပြီးစားရမှန်းကို
မသိပါ..။ ပထမဆုံးအနေနဲ့ မျက်စိကျသွားတာ
ရောင်စုံ mochiလေးတွေပင်..။ ဘယ်လိုအရသာ
ရှိမလဲ မြည်းစမ်းချင်တာကြောင့် ထိုထဲကနေ
တစ်ခုအား ငါယူစားလိုက်သည်..။" အယ် သားgem mochiကို ယူစားလိုက်တာလား.."
" ဘာလို့လဲ.."
" အဲ့ဒါ သားFourth လေးကြိုက်တဲ့ဟာ
ဘယ်သူမှစားလို့မရဘူး.."သူက ဒီမုန့်ကိုကြိုက်တာလား မှတ်ထားဦးမယ်..။